Thursday, May 22, 2014

ဟိုဘက်ကမ်းကလူတွေ

by aungkyawmoeEleven Daily NewsToday, 17:50Written by: ဂျေလှသင်ပန်းဆိုးတန်းဆိပ်ကမ်း ကူးတို့သင်္ဘော ဆိုက်ကပ်ချိန်မြင်ကွင်းတကယ်ပြောတာပါ။ ဒီဘက်ကမ်းက လူတွေပဲ အသက်ရှိတယ် မထင်ပါနဲ့။ ဟိုဘက်ကမ်းမှာလည်း သက်ရှိလူသားတွေ ရှိပါတယ်။ ရေမစုံ၊ မီးမစုံ ဒုက္ခတွေသာ အမျိုးစုံတဲ့ ဟိုဘက်ကမ်းမှာ ကျွန်မတို့နေတာပါ။ ရန်ကုန်မြို့ရဲ့ ပန်းဆိုးတန်းသင်္ဘောဆိပ်ကနေ ရန်ကုန်မြစ်ကို ကူးတို့နဲ့ ကူးလိုက်တာ နဲ့ ဟိုဘက်ကမ်း ဒလသင်္ဘောဆိပ် ရောက်မယ်။ရန်ကုန်မြို့ကြီးပေါ်မှာ လူဦးရေ ခြောက်သန်းကျော်နေသလို ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ဖျာပုံ၊ ကျိုက်လတ်ဆို တဲ့ ကားလမ်းတစ်လျှောက် လူဦးရေကလည်း ရန်ကုန်မြို့ထက်တော့ မနည်းပါဘူး။ အဲဒီမြို့ကလူတွေ ကိစ္စမျိုးစုံနဲ့ ရန်ကုန်ကို လာကြရင် အချိန်အတိုဆုံးနဲ့ ကုန်ကျစရိတ် အသက်သာဆုံး ဒလ-ပန်းဆိုးတန်း ဇက်ရေယာဉ်ကိုပဲ အားထားရတယ်။ အရင်အစိုးရ ဖောက်ခဲ့တဲ့ လှိုင်သာယာဘက်က လမ်းတော့ရှိပါရဲ့ လမ်းဟောင်းလောက် အသုံးမတဲ့။ ဓာတ်ဆီဖိုး ဂရုစိုက်စရာမလိုတဲ့ ကိုယ်ပိုင်ကားသမားတွေ အတွက်တော့ အဆင်ပြေချင် ပြေပါလိမ့်မယ်။ သာမန်ပြည်သူတွေကတော့ ဒလမြို့မှာ ဂိတ်ဆုံးတဲ့ လိုင်းကားတွေနဲ့ သွားလာနေရတုန်း။စစ်အစိုးရလက်ထက် တစ်လျှောက်လုံး “မြစ်ကိုတွေ့ရင် တံတားဆောက်၊ တောင်ကို တွေရင် လမ်းဖောက်”လို့ ငြာသံပေးပြီး တည်ဆောက်ပြုပြင် မြန်ပြည်တစ်ခွင် လုပ်စားလာလိုက်ကြတာ မြစ်တွေကော၊ တောတွေပြောင်၊ တောင်တွေပျောက်သွားတာပဲ အဖတ်တင်တယ်။ ပြည်သူတွေကတော့ ဒုံရင်းပဲ။ကျိုက်ထီးရိုး ဘုရားဖူးလမ်းကိုကြည့်။ အရင်ကဆို ရွှေရင်မျှော်၊ ရွှေရင်စို့၊ ရေမြောင်ကြီး၊ စိုင်တမော့၊ ဘိုးပြန်တောင်၊ နဂါးပတ် ဆိုတဲ့ တောင်တွေကျော်၊ တောတွေဖြတ် ကြိုးစားပမ်းစား ဘုရားဖူးသွားခဲ့ကြရတာ။ တောတောင်သဘာဝ၊ လျှိုမြောင်စိမ့်စမ်း ရေတံခွန်အလှတွေကို ခံစားပြီး အဖော်တစ်သိုက်နဲ့ ပျော်စရာ ဘုရားဖူးခရီး။ အသက်ကြီးသူ၊ ကျမ်းမာရေးမကောင်းသူတွေအတွက်လည်း အထမ်းသမားတွေ ဝေါစင်တွေနဲ့ တစ်မျိုးထူးခြားတဲ့ ခရီး။ ကျိုက်ထီးရိုးဘုရားဆိုတာ တန်ခိုးသိပ်ကြီးတာ။ ဖူးထိုက်မှ ဖူးရတာဆိုတဲ့ စိတ်ခံစားချက်တွေကို တောင်တက်ကားလမ်းကြီးက လှောင်လိုက်သလို ခံစားလိုက်ရတယ်။ ဘုရားဖူးတွေကို စေတနာထားသလိုလိုနဲ့ လမ်းကြောတစ်လျှောက် ရှင်းပစ်လိုက်တဲ့ သစ်တောသယံဇာတတွေကို လိုချင်လို့ ရမယ်ရှာတာက ပိုများပါတယ်။ရန်ကုန်မြို့ရဲ့ အထင်ကရ လှည်းတန်းခုံးကျော်တံတားကြီးကို ကြည့်ဦးမလား။ ပြည်သူအဆင်ပြေရေးထက် အစိုးရနဲ့ ပနံရတဲ့ ခရိုနီအလုပ်ဖြစ်ဖို့ လုပ်ကြတာ။ ပြည်သူကတော့ အထင်တွေကြီးလိုက်တာ မဆောက်ခင်ကျပ်တော့ မဆောက်ရသေးလို့ မျှော်၊ ဆောက်နေဆဲကျပ်တော့ တံတားပြီးရင် ကောင်းသွားမှာဆိုပြီး မျှော်။ အခု ပြီးသွားတာကြာလှပြီ။ ကျပ်နေတုန်းပဲ။ စေ့စေ့ကြည့် မှ ရေးရေးပေါ်ဆိုသလို ခုံးကျော်တံတားက အများပြည်သူအတွက် ဆိုတာထက် VIP တွေ သွားလာတဲ့အခါ လှည်းတန်းမီးပွိုင့်နဲ့ မတိုးအောင် မင်္ဂလာဒုံလေဆိပ်အတွက် ရည်ရွယ်မှန်း သိရတော့မယ်။အခု လှိုင်သာယာ-တွံတွေး လမ်းကြီးလည်း ထိုနည်းလည်းကောင်းပါပဲ။ လမ်းဘေးတစ်ဖက်တစ်ချက် ရွာနီးချုပ်စပ်က လူအနည်းငယ်အတွက်ပဲ အသုံးတည့်ပါတယ်။ ဟိုဘက်ကမ်းက လူအများစုကတော့ ဒလ- ပန်းဆိုးတန်း ဇက်ကို အားထားနေရတုန်း။ ၂ဝ၁၃ ခုနှစ်ထဲမှာ တံတားနဲ့ပတ်သက်တဲ့ မျှော်လင့်ချက်ရောင်ခြည်လေး ပေါ်ခဲ့ဖူးတယ်။ ကိုရီးယားနိုင်ငံက တံတားအင်ဂျင်နီယာတွေ လာတိုင်းထွာတွက်ချက် နေကြပြီ။ ကမ်းနေရာ ရွေးနေကြပြီ။ ခရုပတ်ပုံစံ ဒီဇိုင်းဆောက်မယ်။ အဲဒီလိုသတင်းတွေ ဖတ်ရတော့ ပျော်လိုက်တာ။ စိတ်ကူးထဲက အိပ်မက်တံတားကြီး တကယ်ဖြစ်တော့မယ်ဆိုတဲ့ အတွေးနဲ့ပေါ့။ နေ့စဉ်ခံစားနေရတဲ့ ရေလမ်းခရီးနဲ့ မတော်တဆဖြစ်ရင်ဆိုတဲ့ ကြောက်စိတ်တွေကို မခံစားချင်တော့ဘူးလေ။ မြန်မြန်အကောင်အထည်ဖော်ပါစေ ဆုတောင်းပေမယ့် ဆုတောင်းမပြည့်ခဲ့ဘူး။ဒလမြစ်ကူးတံတားစီမံကိန်း မလုပ်ဖြစ်တော့ဘူးဆိုတဲ့ သတင်းတွေ ထွက်လာတယ်။ စိတ်ဓာတ်ကို ကျသွားတာပဲ။ ဘာကြောင့်ပါလိမ့်လို့ စပ်စုလိုက်တော့ မြေဈေးတွေ တက်ကုန်လို့တဲ့။ ဒလမြို့မှာ မြေရှင်တွေဆင်းပြီး ဈေးကစားလိုက်တာ မြေဈေး ကမောက်ကမ ဖြစ်ကုန်တာနဲ့ အဲဒီစီမံကိန်း ရပ်လိုက်ရတယ်ဆိုတော့ စိတ်ထဲမကောင်းလိုက်တာ။ ဆောက်သင့်တဲ့ တံတားကို ဘာလို့မဆောက်ရတာလဲ။ လူထုအတွက် တကယ်အရေးပါတဲ့ စီမံကိန်းကို ဘာလို့ရပ်ပစ်ရတာလဲ။ အခု သစ်ထူးလွင် Blogကို ဖတ်မိမှပဲ အဖြေပေါ်တော့တယ်။ရန်ကုန်-ဒလ တံတားစီမံကိန်း ရပ်သွားရတာကို လေ့လာနေသူတစ်ဦးရဲ့ အပြောကို ကိုးကားထားပါတယ်။ “ခရိုနီနှစ်ယောက်ရဲ့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းနှစ်ခုက ရန်ကုန်မြစ်ထဲမှာ ရှိနေတယ်။ ရန်ကုန်-ဒလ တံတားဆောက်ရင် သူတို့ဆိပ်ကမ်းတွေဆီ နိုင်ငံတကာသင်္ဘောတွေ မဝင်နိုင်တော့မှာစိုးလို့ တံတားအမြင့်ကို ဘယ်လောက်ရှိရမယ်ဆိုပြီး ဖိအားပေးတာကြောင့် ဆောက်ပေးမယ့် ကိုရီးယားအစိုးရက ဘတ်ဂျက်မမီတော့ဘဲ နောက်ဆုတ်သွားတာ ခေတ်မီတဲ့နိုင်ငံတိုင်း မြစ်ထဲမှာ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတွေ မရှိတော့ပေမယ့် အခုတော့ အေးရှားဝေါလ်နဲ့ မြန်မာ့စက်မှုဆိပ်ကမ်း နှစ်ခုက ရန်ကုန်မြစ်ထဲမှာ ရှိနေတယ်။ အစိုးရတာဝန်ရှိသူတွေကို အိတ်ထဲထည့်ထားတော့ ဘာစီမံကိန်းလုပ်လုပ် သူတို့အကျိုးစီးပွား မထိခိုက်အောင် လုပ်နေတဲ့သဘော ရှိတယ်”။ ကဲ ကောင်းကြသေးရဲ့လား။ ဟိုဘက်ကမ်းက လူတွေရဲ့အသက်က ခရိုနီတွေရဲ့လက်ထဲမှာပါလား။ကိုရီးယား ကူးတို့သင်္ဘော ဧပြီ ၁၆ ရက် ကနစ်တော့ စီးနင်းသူ ၄၇၆ ယောက်၊ ကယ်ဆယ်နိုင်လိုက်တာ ၁၇၂ ယောက်၊ ၃ဝ၄ ယောက် ပျောက်နေတယ်။ ကားအစီး ၁၅ဝ ပါတယ်။ ပျောက်နေတဲ့အထဲ ကျောင်းသား ကျောင်းသူ ဘယ်နှယောက်ဆိုတာ နာရီပိုင်းအတွင်း ထုတ်ပြန်ကြေညာခဲ့တယ်။ ကျွန် မ ဒလကူးတို့ကို မျက်စိထဲ မြင်မိတယ်။ စနစ်တကျ လက်မှတ်ဖြတ်ရောင်းတာ မရှိ။ သင်္ဘောခံနိုင်ဝန် ဘာမှန်းမသိ။ ဘယ်လောက်ပဲ ကုန်တင်ရမယ်။ လူဘယ်နှယောက်ပဲ စီးခွင့်ရှိမယ်ဆိုတာလည်း မရှိ။ မသိ။ အန္တရာယ်ကင်းအောင် စစ်ဆေးသူလည်း မရှိ။ စီးတဲ့သူက လေးငါးရာ။ အသက်ကယ်ဘော ကွင်းတွေနဲ့ အသက်ကယ်အင်္ကျီက တစ်ရာတောင်မပြည့်။ သက်ဆိုင်သူများ ကြည့်လုပ် ကြပါဦး။စိတ်ပူတတ်ရန်ကောလို့တော့ မပြောပါ နဲ့။ ပူတယ်ဆိုတာ ကြုံဖူးလို့ပါ။ ပန်းဆိုးတန်း- ဒလကူးတို့ယာဉ် “တိုးဧ” နစ်ဖူးတယ်။ လူတွေ ရာချီသေဖူးတယ်။ အဲဒီ ရန်ကုန်မြစ်ထဲမှာ။ မေ့မထားကြပါနဲ့။ ရန်ကုန်-သန်လျင် ကူးတို့ “တိုင်းလုံးကျော်” နစ်ဖူးတယ်။ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွမြို့တွေ လက်ညှိုးညွှန်ရာ နာရေးအိမ်ဖြစ်ခဲ့ရတယ်။ ဖြစ်စဉ်နှစ်ခုစလုံးမှာ သေဆုံးသူအရေအတွက်ဆိုတာ အလောင်းတွေကိုရေပြီးမှ ပြောနိုင်ခဲ့တာ။ တင်ကတည်းကိုက နေရာရှိသရွေ့ တင်ခဲ့ကြတာကိုး။ ဘယ်ကိစ္စမဆို ဖြစ်မှထလုပ်ကြတာထက် မဖြစ်ခင်ကာကွယ်တာ အကောင်းဆုံးပါ။တောင်ကိုရီးယား သမ္မတကြီးကတော့ ပြည်သူကို တောင်းပန်လိုက်တာ။ တန်ဖိုးရှိတဲ့ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့ အတွက် အစိုးရအဖွဲ့အနေနဲ့ စိတ်ထိခိုက်ရပါတယ်။ သိပ်ပြီး ဝမ်းနည်းပါတယ်တဲ့။မေ ၈ ရက် ရုံးဆင်းချိန်တိုက်တဲ့ လေပြင်းမျိုး ရန်ကုန်မြစ်ထဲ မွှေလိုက်လို့ကတော့ ဝမ်းနည်းရုံမက မျက်ရည်နဲ့ မျက်ခွက်တွေ ဖြစ်ကုန်ကြလိမ့်မယ်။ ဒီဘက်ကမ်းက ခရိုနီတွေသိထားဖို့က ဟိုဘက်ကမ်းမှာနေကြတာလည်း လူတွေပါပဲဆိုတာ သတိရကြပါ။OpinionShow commentsOpen link

posted from Bloggeroid

ပညာရေး

ပညာရေး နှင့် မြန်မာနိုင်ငံ

by danyawadiMYANMAR TIME – News and Articles | Danya WadiToday, 13:45January 10, 2012

ပညာရေးဆိုသည်မှာ

“ပညာ” ဆိုတာ အတည်ပညာ၊ ယဉ်ကျေးမှု၊ အကျင့်တရားရှိမှု၊ `ဣနြေ္ဒတို့ကို စောင့်ထိန်းနိုင်မှု စသည်တိုးပွား၍ အဝိဇ္ဇာစသော အပြစ်ဒေါသများ၊ ကင်စင်သွားခြင်ကိုပင်”ပညာ အဆုံးအမ” ဟုခေါ်သည်လို့ “သစ္စတ္ထပကာသကျမ်း” မှာ ဖွင့်ဆိုထားတာ တွေ့ရပါတယ်။ ပညာရေးဆိုတဲ့ ဝေါဟာရဟာ အလွန်ကျယ်ဝန်း လှပါတယ်။ လူအများ သိနားလည်တဲ့ ကျောင်းသင် ပညာရေး (formal education) သာမက ကျောင်းပြင်ပ ပညာရေး (non-formal education) စတာတွေအားလုံးဟာ ပညာရေး နယ်ပယ်မှာ အကျုံးဝင်ပါတယ်။နိုင်ငံ တစ်နိုင်ငံရဲ့ပညာရေးဟာ အဲဒီနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံသမိုင်း အခြေအနေ၊ ရိုးရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ စတာတွေနဲ့ ရောထွေး ယှက်နွယ် နေတတ်ပါတယ်။ ဒါကြောင့် နိုင်ငံတစ်နိုင်ငံမှာ ပညာရေးရဲ့ ရည်ရွယ်ချက်တွေ ချမှတ်ရာမှာ ဖြစ်စေ၊ အကောင်းအထည် ဖော်ရာမှာ ဖြစ်စေ ပညာရေးကို အခြားကဏ္ဍတွေနဲ့ ခွဲခြားပြီး တသီးတခြား စဉ်းစားလို့ မရနိုင်ပါဘူး။ သီးခြား ကင်းလွတ်သော ပညာရေး ဆိုပြီးတော့လည်း အကောင်အထည် ဖော်လို့ မရနိုင်ပါဘူးနိုင်ငံတစ်နိုင်ငံရဲ့ ပညာရေး အခြေအနေတွေဟာ ကာလ၊ ဒေသ၊ ပရောဂ အခြေအနေတွေ အလိုက် ပြောင်းလဲ လေ့ရှိပါတယ်။ ပညာရေးဆိုတာ အတိတ်သင်ခန်းစာကို အခြေခံပြီး၊ ပစ္စပ္ပန် အခြေအနေ အရပ်ရပ်ကို သုံးသပ်ကာ အနာဂတ်ကာလ အတွက် မျှော်မှန်းရခြင်း ဖြစ်လို့ ပညာရေး အသီးအပွင့်ဆိုတာ ချက်ချင်းစိုက် ချင်ချင်းခူးဆွတ်စားဖို့ မဖြစ်နိုင်ပါဘူး။ အနည်းဆုံး ၁၄-၁၅ နှစ်လောက်ကြာမှ ခံစားရတတ်ပါတယ်။ ခေတ်များ စနစ်များနှင့် မြန်မာ့ပညာရေး   သမိုင်းလမ်းကြောင်း ပဒေသရာဇ်ခေတ် ပညာရေးမြန်မာနိုင်ငံမှာ ဘုရင်တွေ ထွန်းကားခဲ့တဲ့ ပဒေသရာဇ်ခေတ် ကတည်းက ပညာရေး ထွန်းကား စည်ပင်ခဲ့ပါတယ်။ ပဒေသရာဇ်ခေတ် လူနေမှု စနစ်နဲ့ ယဉ်ကျေးမှုတွေဟာ ဗုဒ္ဓရဲ့ တရားဓမ္မနဲ့ အဆုံး အမတွေကို အခြေခံပြီး ကျယ်ပြန့်စည်ပင် ထွန်းကား လာခဲ့ရတယ်။ပဒေသရာဇ်ခေတ် ပညာရေးစနစ်ဟာ “ဘုန်ကြီးကျောင်း ပညာရေး” စနစ်ပါ။ ဒီပညာရေးစနစ်ဟာ အသက်မွေး ဝမ်းကျောင်း တတ်ဖို့ထက် ကိုယ်ကျင့်တရား ကောင်းမွန် တဲ့ ပြည်သူပြည် သားကောင်း ဖြစ်လာရေးကို ဦးတည်ခဲ့တဲ့ ပညာရေး လို့လည်း ဆိုနိုင်ပါတယ်။စာသင်ကျောင်းရယ်လို့ သတ်သတ်မှတ်မှတ် မရှိဘူး။ ဘုန်ကြီးကျောင်း (စာသင်တိုက်) တွေဟာ ပညာသင်ကြားရာ ဗဟိုဌာနတွေ ဖြစ်လာပါတယ်။ လူတန်းစား မရွေး အခမဲ့ပညာ သင်ကြား ခွင့်ရ တာလည်း ထူးခြားမှု တစ်ရပ်ပါ။ စာပေသင်ကြား ပို့ချသူတွေဟာ ဘုန်းတော်ကြီးတွေ ကိုယ်တိုင် ဖြစ်နေ ပါတယ်။ အတန်းစနစ်မရှိဘူး။ စာသင်သား တစ်ဦးချင်ရဲ့ တိုးတက်မှု၊ တတ်မြောက်မှု အပေါ်မူတည်ပြီး အဆင့်တိုးကာ တစ်ဦးချင်ဆီ သင်ပေးတဲ့ ပညာရေးစနစ်လည်း ဖြစ်တယ်။စာကို အာဂုံဆောင် အလွတ်ကျက်ရတယ်။ သင်ရိုးဆိုပြီးတော့လည်း အတည်တကျ ပြဠာန်းထားတာ မရှိဘူး။ အဓိက သင်ယူကြရတဲ့ ဘာသာရပ်တွေ ကတော့ ပါဠိနဲ့ မြန်မာ ဘာသာ ရပ်တွေပဲ ဖြစ်ပါတယ်။ ဘုန်းတော်ကြီးတွေရဲ့ ကျေးဇူးကြောင့် အဲဒီခေတ်တုန်းက မြန်မာနိုင်ငံရဲ့ စာရေးစာဖတ် တတ်မြောက်မှုနှုန်းဟာ ၈၅ ရာခိုင်နှုန်း ကျော်ကျော်ရှိခဲ့တယ်လို့ ဆိုတယ်။ အခြားအာရှ နိုင်ငံတွေနဲ့ နှိုင်းယှဉ်လိုက်ရင် စာတတ်သူဦးရေ ပိုများတယ်လို့ ဆိုနိုင်တယ်။ ကိုလိုနီခေတ်ပညာရေးမြန်မာနိုင်ငံဟာ ၁၈၈၅ ခုနှစ်မှာ ဗြိတိသျှနယ်ချဲ့ လက်အောက်ကို ကျရောက်ခဲ့ရပါတယ်။ ဗြိတိသျှတွေက မြန်မာနိုင်ငံကို ကာလရှည်ကြာစွာ အုပ်ချုပ်နိုင်မယ့် သွေးခွဲအုပ်ချုပ်ရေး စနစ်ကို ကျင့်သုံးအကောင် အထည်ဖော်ခဲ့ပါတယ်။ကိုလိုနီခေတ်က ကျောင်းတွေကို သုံးမျိုးခွဲပြီး ဖွင့်လှစ်ခဲ့ပါတယ်။၁။ အင်္ဂလိပ်ကျောင်း( English school)၂။ အင်္ဂလိပ်- မြန်မာစာသင်ကျောင်း( Anglo-Vemacular School)၃။ တိုင်းရင်းသား- မြန်မာစာသင်ကျောင်း(Vermacular School)ဆိုပြီးတော့ ဖြစ်ပါတယ်။ ကျောင်းတွေ ကွဲပြားသလို သင်ရိုးညွန်းတမ်း တွေလည်း ကွဲပြားနေပါတယ်။ တိုင်းရင်းသား ဘာသာစကား အင်္ဂလိပ်စာကို ဦးစားပေး သင်ကြားခဲ့ပြီး အဆင့်အတန်းကို အဆင့်အတန်းကို တစ်ခါတည်း ခွဲခြား လိုက်ပါတယ်။အင်္ဂလိပ်ကျောင်း တွေဆိုတာ မျက်နှာဖြူတွေနဲ့ အထက်တန်းလွှာတွေ အတွက် သီးသန့်ဖြစ်ပြီး၊ အထက်တန်း ရာထူးမှန်း သူတွေ အတွက် ရည်စူးဖွင့်လှစ် ထားတာဖြစ်တယ်။ အင်္ဂလိပ်-မြန်မာ ကျောင်းတွေ ကတော့ တိုင်းရင်းသား လူနည်း စုသာ တက်နိုင်ပြီး ကိုလိုနီအုပ်ချုပ်ရေး ယန္တရား အတွက် လိုအပ်တဲ့ အစိုးရလခစား၊ စာရေးစာချီ၊ အောက်တန်း အမှုထမ်း အရာထမ်းတွေ ခန့်ထားဖို့ ဖွင့်လှစ် ထားတာပါ။ တိုင်းရင်းသား- မြန်မာကျောင်း တွေကတော့ တိုင်းရင်းသား အများစု တက်ရောက် နိုင်ကြပြီး ပညာကို ဆုံးခန်တိုင် သင်ယူနိုင်သူတွေ အလွန်နည်းတယ်။ ဒီကျောင်းက ထွက်လာ သူတွေဟာ ကျောက်ထိုးဆရာ၊ မြေတိုင်းစာရေးနဲ့ ကျောင်းဆရာအလုပ်လောက်သာ ရကြတယ်။ကိုလိုနီပညာရေး ဆိုတာ လမ်းခွဲ လမ်းသွယ် အလွန်နည်းပါးတဲ့ ပညာရေးလို့ ပြောနိုင်ပါတယ်။ ကျွန်စိတ်ပေါက်ပြီး အမျိုးသားရေး စိတ်ဓာတ်တွေ နည်းပါးအောင် စနစ်တကျ ဖျက်ဆီးခဲ့တဲ့ ပညာရေးလို့ ဆိုနိုင်တယ်။ ဘက်စုံ ဖွံ့ဖြိုးတိုးတက် ရေးဆိုတာ အလှမ်းဝေးပြီး မြန်မာနိုင်ငံ စာတတ် မြောက်မှုနှုန်းဟာ ၃၅ ရာခိုင်နှုန်းကို လျော့ကျ ထိုးဆင်းသွားတာကို ကြည့်ရင် နယ်ချဲ့တို့ရဲ့စေတနာကို သဘောပေါက်မယ် ထင်ပါတယ်။ ပြည်တော်သာ ပညာရေး၁၉၄၈ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ဗြိတိသျှ ကိုလိုနီ လက်အောက်ကနေ လွတ်လပ်ရေး ရခဲ့ပြီး အချုပ်အချာ အာဏာပိုင် နိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့ပါတယ်။ ဒီအချိန်ကစပြီး ပညာရေးကို နိုင်ငံတော် အစိုးရ အနေနဲ့ ပြုပြင်ပြေင်းလဲမှုတွေ များစွာလုပ် ဆောင်ခဲ့ပါတယ်။ နိုင်ငံတော် အစိုးရကလည်း ပညာသင်ကြား ရေးဆိုင်ရာ မူဝါဒများ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့ အကောင်အထည် ဖော်ဆောင် ရွက်ခြင်းကိုတော့ ၁၉၅၀ ပြည့်နှစ်လောက်မှပဲ စတင်ပြုလုပ်နိုင်ခဲ့ပါတယ်။ပညာရေး မူဝါဒသစ်အရ ကျောင်းသုံးမျိုး မခွဲခြားတော့ပါဘူး။ နိုင်ငံတော် အစိုးရကျောင်းဆိုပြီး ကျောင်းတစ်မျိုး တည်းထားပြီး သင်ရိုးကိုလည်း တစ်မျိုးတည်းထားခြင်း မြန်မာစာကို သင်ကြား မှုမဏ္ဍိုင်အဖြစ် သတ်မှတ်ခြင်းတွေဟာ ထူးခြားတဲ့ ပညာရေးဆိုင်ရာ မူဝါဒသစ်တွေ ဖြစ်ပါတယ်။ ကျောင်း တွေမှာ သုံးစွဲဖို့ ငွေကြေးဆိုင်ရာ ကိစ္စတွေကိုလည်း နိုင်ငံတော်ကပဲ တာဝန်ယူခဲ့ပြီး ပညာရေးဆိုင်ရာ အထွေထွေပြုပြင် ပြောင်းလဲမှုတွေကို စတင် လုပ်ဆောင်လာခဲ့ပါတယ်။၁၉၅၂ ခုနှစ်မှာ”ဘဝသစ်ဖန်တီးမှု ပညာရေးစီမံကိန်း” ကိုရေးဆွဲပြီး ပြည်တော်သာ ညီလာခံမှာ အတည်ပြုခဲ့တယ်။ ဒီစီမံကိန်းကို ရည်မှန်းချက် ငါးရပ်ချမှတ်ပြီး အကောင်အထည် ဖော်ဆောင် ရွက်ခဲ့ပါတယ်။စီမံချက်အရ ကျောင်းတွေကို တိုးချဲ့ဖွင့်လှစ်ခြင်း၊ သင်ရိုးညွန်းတမ်းနဲ့ မာတိကာ အသစ်တွေ ပြဠာန်းခြင်း၊ ကျောင်းသုံး စာအုပ်ထုတ်ဝေခြင်း၊ ဆရာဖြစ် ကောလိပ်နဲ့ သိပ္ပံကျောင်းများ ဖွင့်လှစ်ခြင်း၊ စိုက်ပျိုးရေးနဲ့ စက်မှုလက်မှု ပညာသင်ကျောင်းများ ဖွင့်လှစ်ခြင်း စတဲ့ပညာရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲ မှုတွေကို မနားတမ်းလုပ်ဆောင်ခဲ့ပါတယ်။ဘဝသစ် ဖန်တီးမှုပညာရေး စီမံကိန်းကို ပထမပညာရေး လေးနှစ်စီမံကိန်း(၁၉၅၂-၅၆)၊ ဒုတိယ လေးနှစ် ပညာရေးစီမံကိန်း (၁၉၅၆-၆၀)၊ တတိယပညာရေး လေးနှစ်စီမံကိန်း(၁၉၆၀-၆၄) ဆိုပြီးတော့ စီမံကိန်း ကာလကို သုံးပိုင်းပိုင်းပြီး သတ်မှတ် လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ပထမပညာရေး လေးနှစ် စီမံကိန်းကိုပဲ အပြည့်အဝ အကောင်အထည် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီလေးနှစ်တာ အကောင်အထည် ဖော်နိုင်ခဲ့တာလေးနဲ့ပဲ ကောင်းမွန်တဲ့ ရလာဒ်တွေရှိခဲ့တယ်လို့ ပြေရမယ်။ ဒါပေမဲ့ ပညာရေး စီမံချက်က ချမှတ်ထားတဲ့ ဗလငါးတန်ပညာရေး (ကာယဗလ၊ ညဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ) တိုးတက်ဖွံ့ဖြိုးအောင်တော့ မဆောင်ရွက်နိုင်ခဲ့ကြပါဘူး။ အထူးသဖြင့်ကတော့ စာပေ ပညာ သင်ကြားရေး သက်သက်ကနေ အသက်မွေးဝမ်း ကျောင်းပညာ သင်ကြားရေးကို ကူးပြောင်း နိုင်ရုံ လေးပဲရှိခဲ့ပြီး အောင်မြင်အောင် မဆောင်ရွက်နိုင်ခဲ့ကြပါဘူး။ စာပေပညာရေး လမ်းကြောင်း တစ်ခုတည်းပဲ အောင်မြင်ခဲ့တယ်လို့ ဆိုရပါမယ်။ တော်လှန်ရေးကောင်စီခေတ် ပညာရေး၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ပြည်ထောင်စုမြန်မာ နိုင်ငံတော် တော်လှန်ရေး ကောင်စီက နိုင်ငံတော်တာဝန်ကို ယူလိုက်ပြီးချိန်မှာ အသက်မွေးဝမ်း ကျောင်းကို အထောက်အကူပြုတဲ့ စာရိတ္တမြင့်မားရေးကို အခြေခံပညာရေး စနစ်ကို ပြောင်းလဲ ကျင့်သုံးလာခဲ့ကြတယ်။၁၉၆၄ ခုနှစ်မှာ တက္ကသိုလ် ပညာရေးဥပဒေကို ပြဠာန်းခဲ့တယ်။ ဝိဇ္ဇာနှင့် သိပ္ပံပညာရေးဆိုင်ရာ တက္ကသိုလ်တွေ၊ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ တက္ကသိုလ်တွေကို ပြင်ဆင်ဖွဲ့စည်းခဲ့တယ်။ ၁၉၆၆ ခုနှစ်မှာ အခြေခံ ပညာရေးဥပဒေကို ထုတ်ပြန်ကြေငြာခဲ့ပြီး အထွေထွေပညာရေးကို အခြေခံပညာရေးလို့ ခေါ်တွင်စေခဲ့တယ်။ ပညာရေး အဆောက်အအုံ ပုံစံနှင့်တကွ သင်ရိုးအပါအဝင် ပညာသင်ကြားရေး အစီအစဉ်တွေပါ ပြုပြင်ပြောင်းလဲခဲ့တယ်။၁၉၆၇-၆၈ ပညာသင်နှစ်မှာ အဠမတန်းကို အခြေခံအလယ်တန်း အဆင့်မှာ ထည့်သွင်းပြီး အခြေခံပညာ အထက်တန်းအဆင့်ကို ဝိဇ္ဇာ၊ သိပ္ပံ လမ်းနှစ်သွယ်ခွဲပြီး သင်ကြားမှုကို ၁၉၆၈-၆၉ ပညာ သင်နှစ်ကစပြီး ကျင့်သုံးခဲ့တယ်။ ၁၉၇၇-၇၈ မှာဝိဇ္ဇာ၊ သိပ္ပံခွဲတာကို ပြန်လည်သုံးသပ်ပြီး မခွဲတော့ပဲ ပြန် ပေါင်းပြီး သင်ပြန်တယ်။ ဆိုရှယ်လစ်ခေတ်စနစ်သစ်ပညာရေး၁၉၇၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့မှာ နိုင်ငံတော်ရဲ့အခြေအနေနဲ့ လိုက်လျော ညီထွေဖြစ်မယ့် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြုပြီး ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတနိုင်ငံတော် ဘဝ ရောက်ခဲ့ပါတယ်။ဆိုရှယ်လစ်ဆိုတော့ မြန်မာ့ဆိုရှယ်လစ် ဘောင်အတွက် လိုအပ်နေတဲ့ လုပ်သားကောင်းတွေ မွေးထုတ်ရေးကို အခြေခံတဲ့ ပညာရေးဆိုပြီး ဖြစ်လာပြန်တယ်။ အဲဒီအချိန်က ပညာရေးဌာနဝန်ကြီး ဒေါက်တာ ညီညီကလည်း “တိုင်းရင်းသားတိုင်းသည် ပညာသည်သာမက ကာယဗလ၊ စိတ်ဓာတ်၊ အတွေးအခေါ်၊ အလေ့အကျင့်၊ တိုင်းရင်းသား ယဉ်ကျေးမှု၊ ရသ ခံစားတတ်မှုပြည့်စုံရေး အတွက် ဘက်စုံပညာရေး မီးမောင်း ထိုးပေးရန်” ရည်ရွယ်တယ်လို့ ပြောသွားဖူးတယ်။မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်မှာက၁။ သက်မွေးကျောင်းမှုကို အထောက်အကူပြူ၍ စာရိတ္တမြင့်မား ရေးကို အခြေခံသော ပညာရေးကို ဆောက်တည်မည်။၂။ သိပ္ပံပညာကို ဦးစားပေးမည်။၃။ အခြေခံပညာကို လူတိုင်သင်ယူနိုင်ခွင့် ရရေးကို ဆောက်တည်မည်။၎။ အထက်တန်းပညာ(ဝါ) တက္ကသိုလ်ပညာကို ဥာဏ်ပညာထက်မြင်ခြင်း ရှိ၍ အထက်တန်း မှီအောင် လိုက်နိုင်သူ၊ ကြိုးစားမှု ရှိသူများကိုသာ သင်ကြားခွင့်ပြုစေရန် ရည်သန်သည်ဆိုပြီး ချမှတ် အကောင်အထည် ဖော်ခဲ့ကြတယ်။ကမ္ဘာ့အဆင့်မှီ ပညာရေး ဆိုပြီးတော့ ၁၉၈၅-၈၆ ပညာသင်နှစ်ကစပြီး လမ်းသွယ်တွေခွဲတဲ့ ပညာရေးကို လုပ်ဆောင်ခဲ့ပြန်တယ်။ ဒီလိုနဲ့ ခွဲလိုက်တွဲလိုက် မတည်ငြိမ်တဲ့ ပညာရေးစနစ်မှာ လက်တွေ့ကျင့်သုံးမှု အရတော့ အသက်မွေးဝမ်းကျောင်း ပညာရေးဟာ ထင်သလောက်ခရီး ပေါက်ခဲ့ဘူး။ စာပေသင်ကြားမှု စနစ်သာ အဖြေတစ်ခု အနေနဲ့ ထွက်ပေါ်ခဲ့တယ်။၂၀၀၉ခုနှစ် မတ်လတ်ထုတ် မျက်မှောက်ရေးရာ မဂ္ဂဇင်း အတွဲ(၂)၊ အမှတ်(၁) စာမျက်နှာ(၇)ရေးသားသူ = မြန်မာလူငယ်http://www.myanmaryouth.infoShow commentsOpen link

posted from Bloggeroid

နေပြည်တော်-ရန်ကုန် အစိုးရ၀န်ထမ်း သီးသန့်ယာဉ်လိုင်း သောကြာနေ့တိုင်းပြေးဆွဲမည်

by 7daynewsNews | 7Day DailyToday, 16:45အစိုးရ၀န်ထမ်းအထူးသီး သန့်ယာဉ်လိုင်းအစီအစဉ်ကို နေ ပြည်တော်ကုန်းလမ်းပို့ဆောင် ရေးနှင့် ညွှန်ကြားရေးဦးစီးဌာနမှ ကားအစီးရေငါးစီးဖြင့်ယခုလာ မည့် သောကြာနေ့မှစ၍ တစ်ပတ် တစ်ကြိမ်ပြေးဆွဲသွားမည်ဖြစ် ကြောင်းနေပြည်တော်မြို့မဈေး ဂိတ်တာဝန်ခံဦးတင်ဌေးကပြော သည်။‘‘တစ်ပတ်တစ်ကြိမ် သော ကြာနေ့တိုင်းပြေးဆွဲသွားမှာပါ။ အခုလာမယ့်သောကြာနေ့က စပြီး ပြေးဆွဲဖို့ စီစဉ်ထားပါတယ်။သက် ဆိုင်ရာအစိုးရ၀န်ကြီးဌာနတွေမှာ လက်မှတ်တွေရောင်းပေးနေပါ ပြီ။ တနင်္ဂနွေနေ့ည ၆နာရီမှာ ရန် ကုန်ကနေ ပြန်ထွက်လာမှာဖြစ်ပါ တယ်’’ဟု ဦးတင်ဌေးကပြော သည်။အဆိုပါယာဉ်လိုင်းအတွက် ယာဉ်စီးခလက်မှတ်များကို ၀န် ထမ်းတစ်ဦးလျှင် ၃၂၀၀ကျပ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး အ သက်အာမခံကြေးအတွက် ၃၀၀ ကျပ်ဖြင့် ထားရှိပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။ ယာဉ်စီးလက်မှတ်များကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊နေပြည်တော်စည်ပင် သာယာရေးကော်မတီ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအပါ  အ၀င် ၀န်ကြီးဌာနငါးခုအတွက် လက်မှတ် သုံးစောင်နှုန်းဖြင့်ရောင်းချပေးသွားမည်ဖြစ်ပြီး အ ခြားအစိုးရဌာနများအတွက် ငါး စောင်နှုန်းဖြင့် ရောင်းချပေးသွား မည်ဟု သတင်းရရှိသည်။Show commentsOpen link

posted from Bloggeroid

မောင်အေးမသေဘူး

ဒုတိယဗိုလ်ချုပ်မှူးကြီးဟောင်းမောင်အေးကောလာဟလ မိသားစုဝင်ငြင်း

by 7daynewsNews | 7Day DailyToday, 16:45ဦးမောင်အေးအား အငြိမ်းစားမယူမီနိုင်ငံခြားခရီးစဉ်တစ်ခုတွင်တွေ့ရစဉ် (RAVEENDRAN/AFP)အငြိမ်းစားဒုတိယဗိုလ် ချုပ်မှူးကြီးမောင်အေးသည် အ ပြင်တွင် သွားသွားလာလာမရှိ တော့သော်လည်း ကျန်းမာရေး ကောင်းမွန်နေကြောင်း ထွက်ပေါ်နေသော ကောလာဟလများနှင့် ပတ်သက်၍ ၎င်း၏မိသားစုဝင် တစ်ဦးက တုံ့ ပြန်ပြောကြားသည်။အငြိမ်းစားဒုတိယဗိုလ်ချုပ် မှူးကြီး မောင်အေး မေလ ၂၁ ရက် နံနက်တွင် တပ်မတော်ဆေး ရုံ၌ ကွယ်လွန်သည့်သတင်း မှာ မဟုတ်မှန်ကြောင်း သမ္မတ ပြောရေးဆိုခွင့်ရှိသူနှင့် အမှတ်-(၁)တပ်မတော်စစ်ဆေးရုံတို့က လည်း ငြင်းဆိုသည်။၎င်း ကွယ်လွန်ကြောင်း သတင်းများ ထွက်ပေါ်ပြီး နာရီ ပိုင်းအကြာတွင် သမ္မတ၏ပြော ရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကလည်း သူ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ တစ်ဆင့် အငြိမ်းစားဒုတိယဗိုလ် ချုပ်မှူးကြီးကွယ်လွန်သည့် သ တင်းမှာ မဟုတ်မှန်ကြောင်း ဖြေ ရှင်းထားသည်။‘‘လွန်ခဲ့တဲ့ ခုနစ်လလောက် ကတရုတ်နိုင်ငံမှာ သုံးလကြာသွားရောက်ကုသမှု ခံယူပြီးနောက် ကျန်းမာရေးပိုကောင်းလာတယ်။ ဆေးရုံတက်နေရတာတော့ မရှိဘူး’’ ဟု ဦးမောင်အေး ၏ မိသားစု ၀င်တစ်ဦးက ပြောသည်။ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးသည် ၂၀၁၁ ခုနှစ်က တာဝန်မှ အနားယူပြီးနောက်ပိုင်း ကျန်းမာရေးမကောင်းသည့် သ တင်းများ မကြာခဏထွက်ပေါ်ခဲ့ပြီး ၎င်း၏ကျန်းမာရေးသတင်း များအတွက် မိသားစုဝင်အချို့က မကြာခဏ ဖြေရှင်းခဲ့ကြရသည်။အနားယူပြီး တစ်နှစ်အကြာ ၂၀၁၂ နှစ်လယ်ပိုင်းတွင် လေ ဖြတ်ဝေဒနာကြောင့် စင်ကာပူနိုင်ငံတွင် ဆေးဝါးကုသမှုခံယူခဲ့ရပြီး ယင်းသတင်းဖော်ပြမှုကြောင့် ပြည်တွင်းထုတ်ဂျာနယ်နှစ်စောင် ကို စာပေစိစစ်မှ တာဝန်ရှိသူများ က ခေါ်ယူသတိပေးခဲ့သည်။ယခုနှစ် ဖေဖော်ဝါရီလက ၎င်း မိသားစုတည်ထောင်ထား သော အေးမြစိုးဖောင်ဒေးရှင်း သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မျက်စိဝေဒနာရှင်များအား ခွဲစိတ်ပေးခြင်း၊ ၎င်း၏ဇာတိကန့် ဘလူမြို့တွင် မဟာရွှေစည်ကြီး ဘုရားဆွမ်းလောင်းပွဲတွင် လှူ ဒါန်းခြင်းတို့ ပြုလုပ်ခဲ့သော်လည်း ဒုတိယဗိုလ်ချုပ်မှူးကြီး မောင် အေးမှာ ကျန်းမာရေးအခြေအနေ ကြောင့် လာရောက်နိုင်ခြင်းမရှိ ကြောင်း မြန်မာသံတော်ဆင့်ဂျာနယ်တွင် ဖော်ပြထားသည်။Show commentsOpen link

posted from Bloggeroid

ဦးရဲထွဋ်ရဲ့ မေးမြန်ချက်

ရခိုင်ပြည်နယ်က ပစ်ခတ်မှုများနှင့်ပတ်သက်ပြီး ဦးရဲထွဋ်ကို မေးမြန်းချက်

by noreply@blogger.com (iBlogger Myanmar)Myanmar CNN - Myanmar News Now, Latest News, Daily Update ...Today, 16:59ဦးရဲထွဋ် အရင်ရက်ပိုင်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ရဲတပ်ဖွဲ့တွေနဲ့ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) တွေအကြား ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက် ကျဆုံးမှုတွေ ရှိခဲ့ပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတွေအကြား ဘယ်လို ပူးပေါင်းဆောင်ရွက်နေသလဲ။ RSO ရဲ့ ခြိမ်းခြောက်မှုက ဘယ်အဆင့်ထိရောက်ပြီလဲ၊ ရခိုင်ပြည်နယ်မှာ ချထားတဲ့Show commentsOpen link

posted from Bloggeroid

တရုတ်လူမျိုးနှစ်ဦးနဲလက်ပံတောင်း

တရုတ်လူမျိုး ၂ ဦးကို ပြန်ပေးဆွဲခဲ့ခြင်းမဟုတ်ဟု လက်ပံတောင်းဒေသခံများပြော

by noreply@blogger.com (iBlogger Myanmar)Myanmar CNN - Myanmar News Now, Latest News, Daily Update ...Today, 16:59မေလ ၁၈ ရက်နေ့က ဆည်တည်းရွာနဲ့ တုံရွာအကြားယာခင်းထဲကို မြေတိုင်းဖို့ ရောက်ရှိခဲ့တဲ့ ၀မ်ပေါင်ကုမ္မဏီဝန်ထမ်း တရုတ်လူမျိုးတဦးနဲ့ စကားပြန်တဦးကို ပြန်ပေးဆွဲတာမဟုတ်ဘဲ ခေတ္တခေါ်ယူထားခြင်းသာ ဖြစ်ကြောင်း လက်ပံတောင်း ကြေးနီစီမံကိန်းဒေသ၊ ဆည်တည်းရွာခံတွေက ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းမှာ ဒီနေ့နေလယ် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောကြားပါတယ်။ ဆည်တည်းဒေသခံတွေက တရုတ်လူမျိုးနှစ်ဦးကို မေလ ၁၈ ရက်Show commentsOpen link

posted from Bloggeroid

မြန်မာဆက်သွယ်ရေးအစကလုပ်ပါလား

နိုင်ငံခြားကုမ္ပဏီများအတိုင်း အင်တာနက်မြန်နှုန်း ကောင်းအောင်ပေးမည်ဟု ဆက်သွယ်ရေးဆို

by noreply@blogger.com (iBlogger Myanmar)Myanmar CNN - Myanmar News Now, Latest News, Daily Update ...Today, 16:59နိုင်ငံခြားဆက်သွယ်ရေးကုမ္ပဏီများဖုန်းစတင်ရောင်းသည့် အချိန်တွင် MPT ၏ မိုဘိုင်းအင်တာနက် မြန်နှုန်းမှာလည်း ကုမ္ပဏီများကဲ့သို့ ရှိအောင်ဆောင် ရွက် မြန် မာ့ ဆက် သွယ်ရေးလုပ်ငန်းမှ သိရသည်။ ”ကုမ္ပဏီ ဖုန်းရောင်းဖို့ Launch လုပ်တဲ့အချိန်မှာ ကျွန်တော်တို့ဘက်က လည်း အဆင်သင့်ဖြစ်နေမှာပါ။ သူတို့ထက်မသာရင်တောင် သူတို့နီးပါးရှိအောင် လုပ် ဆောင် မှာ ပါ”ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမိုဘိုင်းဌာနမှ အရာရှိတစ်ဦးကြေShow commentsOpen li

posted from Bloggeroid