Thursday, May 22, 2014

လူမှုကူညီရေး ၃ ဖွဲ့ ဒီလိုတင်ပြ

လူမှုကူညီရေး ၃ ဖွဲ့ ကချင်စစ်ဘေးဒုက္ခသည်များကို ဇွန်လအတွင်း သွားလှူ မည်

by ထွန်းထွန်းသိန်းDVBToday, 18:14လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ရက်၊ ရွှေသံစဉ်ဂီတဖောင်ဒေးရှင်းနဲ့ The Action Times Foundation စတဲ့ အဖွဲ့တွေ ပူးပေါင်းကာ ဂီတနဲ့ အလှူငွေရှာဖွေပြီး ကချင်စစ်ဘေးဒုက္ခသည်တွေကို ဇွန်လအတွင်း သွားရောက်လှူဒါန်းကြမှာဖြစ်ပါတယ်။ဇွန်လ ၁ ရက်နေ့ ညနေပိုင်း ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးဝင်းမှာ ဂီတနဲ့ဖျော်ဖြေအလှူခံကာ စတင်ထွက်ခွာမှာ ဖြစ်ပြီး ဇွန် ၂၊ ၃ ရက်တွေမှာတော့ မန္တလေးမြို့မှာ ဖျော်ဖြေအလှူခံမှာ ဖြစ်ပါတယ်။အဲဒီကနေ ပြင်ဦးလွင်၊ နောင်ချို၊ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်မြို့တွေမှာ ဂီတနဲ့ ဖျော်ဖြေအလှူခံခရီးထွက်ပြီး ကချင်စစ်ဘေးဒုက္ခသည်စခန်းတွေမှာ လှူဒါန်းကြမှာ ဖြစ်ပါတယ်။The Action Times Foundation အတွင်းရေးမှူးက ဣနြေ္ဒနေနွယ်က မန်ဝိန်းကြီး ဒုက္ခသည်စခန်းနဲ့ မူဆယ်နယ်စပ်တ၀ိုက်မှာ လတ်တလောတိုက်ပွဲတွေကြောင့် ထွက်ပြေးလာသူတွေ နေထိုင်နေတဲ့ ဒုက္ခသည်စခန်းတွေကို ငွေကြေးအဓိက လှူဒါန်းသွားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ရွှေသံစဉ်ဂီတဖောင်ဒေးရှင်းက ဦးဝင်းမော်ကတော့ စစ်ပွဲကြောင့် ထွက်ပြေးဒုက္ခရောက် နေတဲ့ စစ်ဘေးဒုက္ခသည်တွေကို အနုပညာနဲ့ ကူညီတာလို့ ပြောပါတယ်။မြန်မာတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေအကြား ၂၀၁၁ ခုနှစ်ဇွန်လ ၉ ရက်နေ့က စတင်ကာ စစ်ပွဲများဖြစ်ပွားနေပြီး အခုအချိန်အထိ မကြာခဏ ဆက်လက်ဖြစ်ပွားနေ ပါတယ်။စစ်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် သိန်းချီရှိပြီး လက်ရှိ မိုးတွင်းကာလ ၀င်ရောက်လာတာကြောင့် နေထိုင်ဖို့နဲ့ အစားအစာ၊ အ၀တ်အထည်၊ ဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည် အကူအညီပေးသူတွေက ပြောကြားပါတယ်။အသံဖိုင် နားဆင်ရန်

posted from Bloggeroid

ဘဘဦးဝင်းတင်၏တစ်လပြည်အခမ်းနား

21/5/2014(8:00)နာရီးအချိန်က
မန္တလေးတိုင်းဒေသကြီးအမရပူရမြို့နယ်
တောင်သမာန်အင်အနောက်ဘက်
ဘဘဦးဝင်းတင်မန္တလေးနောက်ဆုံးလာခဲ့
သောဆရာတော်ဦးပညာကျောင်းတွင်
သတင်းစာဆရာများနဲ့ စာပေချစ်သူတက်
ရောက်၍အမှတ်တရကျောက်တိုင်နဲ့သစ်ပင်
စိုက်ထူးပွဲနဲကဗျာရွတ်ပွဲ့များပြုလုပ်ခဲပါသည်


posted from Bloggeroid

Wednesday, May 21, 2014

စတုထ္ထမဏ္ဍိုင်သတင်းသမားမျာဆိုတာ

မောင်ဦး - စာဖတ်သူ၏အာဘော်သာဖြစ်ပါကြောင်း

by Maung Yitမိုးမခ မီဒီယာ - MoeMaKa News & MediaToday, 06:26စာဖတ်သူ၏အာဘော်သာဖြစ်ပါကြောင်း  မောင်ဦး၊ မေ ၂၂၊ ၂၀၁၄(သူ့ဖေစ့်ဘွတ်ကနေ ယူပါတယ်)  ယမန်နေ့ညက ရွာသွန်းခဲ့သော မုတ်သုန်မိုး၏ အရှိန်ကြောင့် အေးမြလျှက်ရှိသော နံနက်ခင်း အချိန်ကာလသမယတွင် ပက်လက်ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်လျှက် နံနက်ခင်းသတင်းစာတစ်စောင်ကို စည်းစိမ်ရှိစွာ ဖတ်ရှုလျှက်ရှိနေလေ၏။ ထိုသို့ဖတ်ရှုနေခိုက် စာမျက်နှာတစ်နေရာသို့ရောက်သောအခါ သရော်စာတစ်ပုဒ်ကိုတွေ့ရလေ၏။ ကျွန်ုပ် လွန်စွာမှ ဝမ်းသာဝမ်းမြောက်ဖြစ်ရလေတော့၏။ အဘယ့်ကြောင့်နည်းဟူမူ ကျွန်ုပ်၏အကြိုက်ဆုံးသော စာပေအမျိုးအစားမှာ သရော်စာ ဖြစ်ချေသည် တစ်မုံ့။ ထိုအခါ ကျွန်ုပ်သည် ယင်းသရော်စာကို တစ်လုံးချင်း၊ တစ်ကြောင်းချင်း အသေးစိတ် ဖတ်ရှုလေတော့၏။ ‘ကောင်းလှချည်လား၊ ထိမိတယ်ကွယ်ရို့၊ အံမယ်မင်း … ရေးမှရေးတတ်ပလေတယ်ကွဲ့’ စသည် စသည့် အာမေဍိတ်အသံများကို နှုတ်ဖျားမှ တဖွဖွ ထွက်စေသည်အထိ ရေရွတ်ရင်း အရသာခံဖတ်ရှုလျှက် ရှိနေလေတော့၏။ သို့နှင့် စာ၏အဆုံး နိဂုံးသို့ရောက်သောအခါ ကွင်းစကွင်းပိတ်ခတ်လျှက် ရေးသားထားသော အောက်ပါစာတစ်ကြောင်းကို တွေ့လိုက်ရလေတော့၏။“(ဖော်ပြပါ သရော်စာသည် စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်)” ယင်းစာကြောင်းကို မြင်လိုက်ရသော တဒင်္ဂလေးအတွင်းမှာပင် ကောင်းမွန်သော သရော်စာတစ်ပုဒ်ကို ဖတ်ရှုနေရခြင်းကြောင့် ခံစားနေရသော ပီတိအဟုန်တို့သည် နေလာ၊နှင်းပျောက် သကဲ့သို့ လွင့်စဉ်သွားလျှက် ကျွန်ုပ်၏အတွေးအိမ်ထဲတွင် ဝိရောဓိများဖြစ်လာလေ၏။ ပဋိပက္ခများဖြစ်လာလေ၏။ မေးခွန်းများ ပေါ်ထွက်လာလေ၏။ “ဘဇာကြောင့်နည်း။ စတုတ္ထမဏ္ဍိုင် ဟုခေါ်တွင်ကြကုန်သော စာနယ်ဇင်းတို့မှာ မူဝါဒဟူသည်ရှိ၍ စာတစ်ပုဒ်၊ ကဗျာတစ်ပုဒ်ကို မိမိတို့၏မူဝါဒနှင့် ကိုက်ညီမှသာ ဖော်ပြလေ့ရှိကြသည် မဟုတ်ပါလော။ ‘စာရေးသူ၏အာဘော်သာဖြစ်ပါသည်’ ဟူသော စာကြောင်းအလိုအရ ယခုသရော်စာသည် ယင်းသတင်းစာ၏အာဘော်မဟုတ်သည်မှာ ထင်ရှားလျှက်ရှိနေပေ၏။ သို့ဆိုလျှင် သူ့အာဘော်မဟုတ်သော (တနည်းပြောရလျှင်) သူ့မူဝါဒနှင့် မကိုက်ညီသော (တည့်တည့်ပြောရလျှင်) သူ မကြိုက်၊ မနှစ်သက်သော စာတစ်ပုဒ်ကို သူ့သတင်းစာ၌ အဘယ်ကြောင့် ဖော်ပြရသနည်း။”ဤသို့ဤနှယ် ဦးဏှောက်မုန်တိုင်းဆင်ပြီးသကာလအကြံတစ်ခုပေါ်လာလေ၏။ အနှီသတင်းစာတိုက်သို့ ဆောင်းပါးတစ်ပုဒ် ရေးပို့မည်။ ထိုသို့ပို့သောအခါ အောက်ပါအတိုင်း မှတ်ချက် ရေးထည့်ပေးလိုက်မည်။“ဤဆောင်းပါးသည် သတင်းစာ၏အာဘော်လည်းမဟုတ်၊ စာရေးသူ၏အာဘော်လည်းမဟုတ်၊ စာဖတ်သူ၏ အာဘော်သာဖြစ်ပါကြောင်း” ဟူလို။ ။(cartoon - beruma (ဘီရုမာ))Show commentsOpen link

posted from Bloggeroid

Tuesday, May 20, 2014

လက်ရှိဖြစ်နေသောကမ္မာ

ကမ္ဘာ့ မဟာကုမ္ပဏီကြီးများ၏ အစောပိုင်းနေ့ ရက်များ ကို ပြန်လည် ဆန်းစစ်ခြင်း

by noreply@blogger.com (iBlogger Myanmar)Myanmar CNN - Myanmar News Now, Latest News, Daily Update ...Today, 18:05ကမ္ဘာ့ မဟာကုမ္ပဏီကြီးများသည် ယနေ့ ခေတ်အခါ တွင် တောက်ပြောင်လှသော ကော်ပိုရိတ်နေရာများတွင် နေရာယူထားကြသော်ငြားလည်း တစ်ချိန်တုန်းက ၄င်းတို့ သည် ယခုလိုနေရာများနှင့် ကွဲပြားခြားနားလှသော ပတ်ဝန်းကျင်တွင် အစပြုခဲ့ကြရပါသည်။ ထိုအကြောင်းကို အောက်ပါ သာဓကများဖြင့် ဆန်းစစ်လေ့လာနိုင်ပါသည်။ Amazon ကမ္ဘာ့ အကြီးဆုံး အွန်လိုင်းစတိုးဖြစ်သော Amazon.com သည် ၁၉၉၄တွင် အွန်လိုင်းစာအုပ်ဆိုင်အနေနှင့် စတင်အသက်ဝင်ခဲ့သည်။

posted from Bloggeroid

လက်ရှိဖြစ်နေသောတောင်သမာန်

မန္တလေးတိုင်ဒေသကြီးအမရပူရမြို့
တောင်သမာန်ကျေးရွာမှလယ်ယာ
မြေကိစ္စအများပိုင်အဖြင့်သိမ်းစည်း
ထားသောတက္ကသိုလ်အဖြစ်သိမ်းခံ
ရသောတောင်သူအချို့ကသူတို့မြေ
များအားတက္ကသိုလ်ကတစ်ဘက်
တောင်သမာန်အင်ကတစ်ဘက်
ကျောက်တော်ကြီးဆရာတော်က
ဗိုလ်ချုပ်ခင်ညွန့်လက်ကသူကိုပေး
သွားပါတယ်လို့ ဆိုပြီဦးကုလာ၏
ဖိုးဖွားပိုင်မြေများသိမ်းယူထားပါတယ်
လိုဦးကုလားကိုယ်တိုင်ပြေားကြား
သွားပါတယ်
တောင်သမာန်အင်ဒေသကဒီလိုပါဘဲဗျား

posted from Bloggeroid

လက်ရှိဖြစ်နေသောတောင်သမာန်

မန္တလေးတိုင်ဒေသကြီးအမရပူရမြို့
တောင်သမာန်ကျေးရွာမှလယ်ယာ
မြေကိစ္စအများပိုင်အဖြင့်သိမ်းစည်း
ထားသောတက္ကသိုလ်အဖြစ်သိမ်းခံ
ရသောတောင်သူအချို့ကသူတို့မြေ
များအားတက္ကသိုလ်ကတစ်ဘက်
တောင်သမာန်အင်ကတစ်ဘက်
ကျောက်တော်ကြီးဆရာတော်က
ဗိုလ်ချုပ်ခင်ညွန့်လက်ကသူကိုပေး
သွားပါတယ်လို့ ဆိုပြီဦးကုလာ၏
ဖိုးဖွားပိုင်မြေများသိမ်းယူထားပါတယ်
လိုဦးကုလားကိုယ်တိုင်ပြေားကြား
သွားပါတယ်
တောင်သမာန်အင်ဒေသကဒီလိုပါဘဲဗျား

posted from Bloggeroid

Sunday, May 18, 2014

အောင်ပင်လယ်ကိုလူပင်လယ်လို့မြင်တဲ့

(18/5/2014)ရက်နေ့နံနက်8:00အချိန်က
မန္တလေးမြို့ချမ်းမြသာစည်မြိုနယ်
အောင်ပင်လယ်အားကားစားကွင်တွင်
အမျိုးသားဒီမိုကရေစီအဖွဲချုပ်ဒေါ်အောငငဆန်းစုကြည်နှင်ငြိမ်းချမ်းရေးနဲ့ ပွင်လင်းလူအဖွဲ့ စည်း၈၈၈၈ကိုမင်းကိုနိုင်တို့
ပူပေါင်၍၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပုဒ်မ၄၃၆ပြင်ဆင်ရေးလူထုထောက်ခံ
ပွဲပြုလုပ်ရာပြည်သူလူထုပေါင်တစ်သိန်းကျော်တင်ရောက်ခဲ့ ပါသည်အဆိုပါပွဲတွင်
၈၈၈၈မှကိုမင်းကိုနိုင်ကအောင်ပင်လယ်ကွင်ကြီးလူပင်လယ်ကြီးဖြစ်သွားပါပြီးဟုပြေားကြားခဲ့ပါသည်

posted from Bloggeroid