Tuesday, April 1, 2014

ဖုန်းကွန်ရက်

ဖုန်းကွန်ရက်ချဲ့ထွင်ရန် တယ်လီနောက အဲရစ်ဆင် နှင့် ပူးပေါင်းဆောင်ရွက်မည်
by 7daynews
News | 7Day DailyToday, 09:43
တယ်လီနောမြန်မာ၏ ပြည်တွင်း၌ ဆက်သွယ်ရေးအော် ပရေတာလုပ်ငန်းအတွက် တစ် နိုင်ငံလုံး  ကွန်ရက်ချဲ့ထွင်မှုကို ထောက်ပံ့ပေးမည့်ကုမ္ပဏီအဖြစ် Ericssonအား ရွေးချယ်ခဲ့ပြီး ငါးနှစ် ပူးပေါင်းလုပ်ကိုင်မည်ဖြစ်ရာ 2G နှင့် 3G ကွန်ရက်အတွက် လိုအပ်သည့်ပစ္စည်းကိရိယာများ ဖြည့် ဆည်းပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Ericsson ကုမ္ပဏီက တယ် လီနောမြန်မာ၏ မိုဘိုင်းကွန်ရက် အတွက် လိုအပ်သည့်ပစ္စည်းကိရိ ယာများကို ဖြည့်ဆည်းပေးရန် အတွက် Multi-Vendor အဖြစ် ဆောင်ရွက်ပေးခြင်းနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပြည်တွင်းကွန်ရက်ဆိုင်ရာ အရေး ပါသည့် Radio-Access Netw-ork(RAN) နှင့် ဆက်စပ်သော ဝန်ဆောင်မှုများကိုလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း Eric-sson ကုမ္ပဏီမှ ထုတ်ပြန်သည်။

‘‘ပထဝီအနေအထားကွဲပြား တဲ့ တိုင်းပြည်တွေမှာ Network တွေ တည်ဆောက်ပေးခဲ့တဲ့ ကျွန် တော်တို့ရဲ့  အတွေ့အကြုံတွေက မြန်မာနိုင်ငံသားတွေကို မိုဘိုင်း အတွေ့အကြုံတွေပေးမယ့် တယ် လီနောအတွက် ခိုင်ခံ့တဲ့အခြေခံ အဆောက်အအုံတွေကို  ဖန်တီး ပေးနိုင်မယ်ဆိုတဲ့ ယုံကြည်ချက် ဖြစ်စေပါတယ်’’ဟု Ericsson Myanmar ၏ ဒေသတွင်းမန်နေ ဂျာ Jan Wassenius က ပြောသည်။

အဆိုပါပူးပေါင်းမှုအရ သုံး စွဲသူများအတွက် 2G နှင့် 3G နှစ် မျိုးစလုံးပါဝင်သည့် အသံအရည် အသွေးကောင်းမွန်ပြီး အင်တာ နက်ချိတ်ဆက်မှု  မြန်နှုန်းမြင့် (Multi-Standard Network)ဖြင့် အဆင့်မြှင့် 2G နှင့် 3G ပစ္စည်း ကိရိယာများတပ်ဆင်၍  ကွန် ရက်ဖြန့်ကြက်နိုင်ရန် လုပ်ဆောင် သွားမည်ဖြစ်သည်။

တယ်လီနောမြန်မာအနေ ဖြင့် Ericsson ကုမ္ပဏီကို ၎င်းတို့ ၏ နိုင်ငံတကာမှပူးပေါင်းလုပ်ကိုင် မည့် ကုမ္ပဏီ၊ Ayarwaddy Gr-een ကုမ္ပဏီတို့နှင့် ပူးပေါင်းလုပ်ကိုင်မည်ဖြစ်ပြီး မိုဘိုင်းကွန်ရက်အတွက် ပစ္စည်းတင်သွင်းသည့် ကုမ္ပဏီအဖြစ် Huawei ကုမ္ပဏီကိုလည်း ရွေးချယ်ထားခြင်းဖြစ်သည်။

 တယ်လီနောမြန်မာအနေ ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများလုပ် ကိုင်ခြင်းကို ဆက်သွယ်ရေးအော် ပရေတာလိုင်စင် ၁၅ နှစ် သက် တမ်းစတင်အကျုံးဝင်သည့် ဖေဖော်ဝါရီ ၅ ရက်မှစတင်ခဲ့ခြင်း ဖြစ်ပြီး Ericsson ကုမ္ပဏီ၏ လေ့လာချက်အရ  မြန်မာနိုင်ငံရှိ မိုဘိုင်းကဏ္ဍစီးပွားရေးအကျိုး သက်ရောက်မှုစုစုပေါင်းမှာ လိုင် စင်များချပေးပြီး  ပထမသုံးနှစ် ကျော်ပါက တိုင်းပြည် GDP သည် ၁ ဒသမ ၅ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းကြားရှိလာမည်ဟု ခန့် မှန်းထားသည်။

Show commentsOpen link

posted from Bloggeroid

အစိုးရအား ဝေဖန်သည့် သံချပ်စာသားများ

အစိုးရအား ဝေဖန်သည့် သံချပ်စာသားများ ဖြတ်တောက်မည် မဟုတ်ဟုဆို
by 7daynews
News | 7Day DailyToday, 09:43
သင်္ကြန်သံချပ်စာသား များကို ဘာသာရေး ပဋိပက္ခနှင့် တိုင်းရင်းသား စည်းလုံးညီညွတ် ရေး ပျက်ပြားစေမည့် အသုံးအ နှုန်းများ ပါဝင်မည်ကို စိုးရိမ်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ကြိုတင် တင်ပြစေခြင်းဖြစ်ပြီး အစိုးရကို ဝေဖန်မှုများအား လုံးဝဖြတ် တောက်မည်မဟုတ်ဟု ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ နယ် စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြော သည်။

‘‘သံချပ်ထိုးလို့ အထင်မှား စရာဖြစ်ပြီး  လေလွင့်သွားရင် လိုက်ဖမ်းလို့ မမိပါဘူး။ ပြဿနာ မဖြစ်ခင်တည်းက ကြိုတင်ပြင် ဆင်တဲ့သဘောပါ’’ ဟု ဗိုလ်မှူး ကြီးတင်ဝင်းက ပြောသည်။

သံချပ်စိစစ်ရေးကော်မတီကမသင့်လျော်သည့် အသုံးအနှုန်း များတွေ့ရှိပါက ပြင်ဆင်ညှိနှိုင်း ဆောင်ရွက်မည်ဟု ဆိုသည်။

‘‘အစိုးရရဲ့ အားနည်းချက် တွေကို ဝေဖန်လို့ ဖြတ်တောက် မယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန် တော်တို့ အနေနဲ့ အဲဒီလိုလည်း လုပ်မှာ မဟုတ်ပါဘူး။ အားသာ ချက်၊ အားနည်းချက်ဆိုတာ ရှိမှာ ပဲလေ။ အားနည်းချက်ရှိရင်လည်း ဒါတွေ မဖြစ်အောင် ပြုပြင်ရမှာ ကျွန်တော်တို့ တာဝန်ပါပဲ’’ ဟု ၀န်ကြီးကပြောသည်။

မိမိတို့သည် ဗုဒ္ဓဘာသာ မြန် မာလူမျိုးများဖြစ်ပြီး မည်သည့် ဘာသာကိုမျှ  ထိပါးပုတ်ခတ်ပြောဆိုမှုများ မပြုလုပ်ခဲ့သကဲ့သို့ နောင်လည်း ပြုလုပ်မည်မဟုတ် ကြောင်း၊ တိုင်းပြည်တွင်း အမြင် မတော်သည့် ကိစ္စရပ်များကိုသာ အပြုသဘော ဝေဖန်ခြင်းသာဖြစ် ကြောင်း ယခင်နှစ်က သင်္ကြန် ကာလအတွင်း သံချပ်အဖွဲ့ ဖွဲ့ စည်းခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် လူရွှင်တော် ဦးမေတ္တာက ပြောသည်။

‘‘ဒီလိုမျိုးဖြတ်တောက်မှုတွေ မလုပ်ဘူးဆိုရင် ၀မ်းသာစရာပါ။ ကျွန်တော့်အနေနဲ့က လူမျိုးရေး၊ ဘာသာရေးကို ဘာအကြောင်းနဲ့ မှ ပုတ်ခတ်ပြီး ရေးစရာအကြောင်း မရှိပါဘူး။ အမြင်မတော်တာတွေ ကို ထောက်ပြဖို့ပါပဲ။ ဒီနှစ်တော့ အဖွဲ့မဖွဲ့ထားပါဘူး။ ဖိတ်တာရှိ ရင်တော့ အဆင်သင့်ဖြစ်အောင် ရေးထားတာတွေ ရှိပါတယ်’’ ဟု ဦးမေတ္တာက ပြောသည်။

သံချပ်စာသားများ ကြိုတင် မတင်ပြသည့် အဖွဲ့များကို တိုင်း ဒေသကြီး အစိုးရအဖွဲ့က ခေါ်ယူ တွေ့ဆုံမှုသာပြုလုပ်မည်ဟု ဗိုလ် မှူးကြီးတင်ဝင်းကဆိုသည်။

Show commentsOpen link

posted from Bloggeroid

အပ် ကား၁ကအအပ်ခံ

၁က အက္ခရာကားများ စတင်အပ်နှံခွင့်ပြု
by 7daynews
News | 7Day DailyToday, 09:43
ရန်ကုန်မြို့တွင်း သွာလာနေသော ယာဉ်များ (ဓာတ်ပုံ− ကျော်ဇင်သန်း)
ယာဉ်အိုယာဉ်ဟောင်း အပ်နှံရန် ကျန်ရှိသေးသည့် ၁ကအက္ခရာကားများကို ဧပြီ ၄ ရက်မှ စတင်ပြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက လက် ခံမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ယာဉ်အိုယာဉ်ဟောင်းစနစ် အရ ‘‘အ’’အက္ခရာကို ပြီးခဲ့သည့် နှစ်က နောက်ဆုံးအသုတ်အဖြစ် လက်ခံခဲ့ပြီး ယခု ၂၀၁၄ ခုနှစ်အ တွင်း ပထမဆုံးအက္ခရာအဖြစ် ‘‘၁က’’အက္ခရာကားများကို စတင်လက်ခံခြင်းဖြစ်သည်။

ကျန်ရှိသည့် ‘၂က’ အက္ခရာ ကို ၂၀၁၄ ခုနှစ်အောက်တိုဘာ ၁၀ ရက်တွင် စတင်လက်ခံမည်ဟု သိရသည်။

‘‘အပြင်မှာ စလစ်က ဈေးအ ရမ်းတက်နေပြီ။ ရှားလည်းရှားတယ်။ ဧပြီမတိုင်ခင်ကတည်းက လက်ခံပေးသင့်တာပါ’’ဟု မင်းရဲကျော် စွာယာဉ်ရောင်းဝယ်ရေးစခန်းမှ ကိုကျော်စွာစိုးကပြောသည်။

အက္ခရာတစ်ခုနှင့် တစ်ခု တစ်ဆက်တည်း အပ်ခံရန် ကာလကြာမြင့်နေရခြင်းမှာ တင်သွင်း လာသည့် ကားအစီးရေ များပြား နေခြင်းကြောင့် ယာဉ်အိုယာဉ် ဟောင်းစနစ်အပေါ် အစိုးရက ပြန်လည်ထိန်းချုပ်နေခြင်းလည်း ဖြစ်နိုင်ကြောင်း အထက်ပါဝယ် ရောင်းက သုံးသပ်ပြောသည်။

ပြီးခဲ့သည့်ရက်က ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကယာဉ်အိုယာဉ်ဟောင်း စနစ်မှ စလစ်ကို မကြာမီဖျက်သိမ်းတော့ မည်ဖြစ်ကြောင်း ပြောကြားခဲ့၍ပြည်တွင်းကားဈေးကွက်တွင် ကြို တင်စလစ်ဝယ်ယူစုဆောင်းထား သူများ စိုးရိမ်လျက်ရှိကြောင်း ကားလုပ်ငန်းရှင်များထံမှ သိရ သည်။ ယာဉ်အိုယာဉ်ဟောင်းစနစ် ကို အစိုးရသစ်လက်ထက်တွင် ၂၀၁၁ ခုနှစ် စက်တင်ဘာက စတင်လက်ခံခဲ့ပြီး ယာဉ်အိုယာဉ် ဟောင်း အစီးရေ သိန်းကျော် လက်ခံခဲ့ပြီးဖြစ်သည်။

အထူးသဖြင့် နှစ် ၂၀ ကျော် မှ နှစ် ၃၀ ကျော်ကားများကို စ တင်အပ်နှံခွင့်ပြုခဲ့ပြီး အက္ခရာ ၁၁ ခုကို အပ်နှံခွင့်ပြုထားပြီးဖြစ် သည်။

Show commentsOpen link

posted from Bloggeroid

D.K.B.Aနဲ့ သမီးကလေး

သမီးကလေးကျေးရွာသူ၊ ရွာသား ၁၉၉ ဦး DKBA နောက် လိုက်ပြီ
by 7daynews
News | 7Day DailyToday, 09:43
ဒီကေဘီအေနောက်သို့ လိုက်သွားမည့် သမီးကလေးကျေးရွာသူ၊ ကျေးရွာသားများအား အထုပ်အပိုးများနှင့်အတူ ဧပြီ ၁ ရက် ညနေက တွေ့ရစဉ် (ဓာတ်ပုံ− ကျော်ဇင်သန်း)
တပ်မြေနေရာဟုဆိုကာ စစ်တပ်က ဖယ်ရှားခဲ့၍ အောင် သိဒ္ဓိဘုန်းကြီးကျောင်းတွင် ခိုလှုံ နေသည့် သမီးကလေးကျေးရွာ အိမ်ထောင်စု ၇၉ စုမှ မိသားစုဝင် ၁၉၉ ဦးသည် ဒီမိုကရေစီ အကျိုး ပြုကရင်တပ်မတော် DKBA နောက် သို့ ယနေ့ (ဧပြီ ၂ ရက်) တွင် လိုက်သွားတော့မည်ဖြစ်သည်။

ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော် DKBA သည် သမီး ကလေးကျေးရွာမှ အိမ်ထောင်စု များအား ၁၂ ဘီးကား ငါးစီးဖြင့် ဧပြီ ၁ ရက်တွင် လာရောက်ခေါ် ဆောင်ပြီး ဧပြီ ၂ ရက်တွင် DKBA ဌာနချုပ်ရှိ ဆုံစည်းမြိုင်သို့ ခေါ်ဆောင်သွားမည်ဖြစ်သည်။

‘‘နေထိုင်စရာအတွက်ရော အလုပ်အကိုင်အတွက်ပါ စီစဉ် ပေးမှာပါ။ မြေကွက်တွေကလည်း အပိုင်ပေးမှာပါ။ သူတို့ကို စစ် တပ်ထဲခေါ်ဖို့ အင်အားစုတာ မဟုတ်ပါဘူး။ ဒုက္ခရောက်နေလို့ ခေါ်ဆောင်တာပါ’’ ဟု သမီးက လေးကျေးရွာမှ အိမ်ထောင်စုများ အား လာရောက်ခေါ်ဆောင်သူ DKBA မှ ဗိုလ်ကြီး စောဝင်းဇော် လင်းက ပြောသည်။

 သမီးကလေးကျေးရွာမှ အိမ်ထောင်စု ၆၄ စုသည် ရန်ကုန် တိုင်းဒေသကြီးအစိုးရက စီစဉ် ပေးသော ကျေးရွာသစ်သို့ မတ် လ ၂၇ ရက်က ပြောင်းရွှေ့သွားခဲ့ ပြီး မတ်လ ၂၈ ရက်တွင် မနေနိုင် ဟုဆိုကာ အောင်သိဒ္ဓိဘုန်းကြီး ကျောင်းသို့ ပြန်ရောက်လာခဲ့ သည်။ ထို့နောက် ၎င်းတို့အားလုံး သည် DKBA နောက်သို့ လိုက်ပါ သွားကြခြင်းဖြစ်သည်။

  ‘‘သူတို့ဆီလိုက်ရမှာမ ကြောက်ပါဘူး။ နေထိုင်စရာရော၊ အလုပ်အကိုင်ရောပေးမယ်လို့ ပြောပါတယ်။ ဒီမှာနေရတာနဲ့ဆို ရင် ဟိုမှာလိုက်နေရတာက ပိုပြီး အဆင်ပြေလောက်ပါတယ်’’ ဟု သမီးကလေးကျေးရွာမှ ကလေး လေးဦး၏ မိခင်ဖြစ်သူ ဒေါ်သောင်း သောင်းကပြောသည်။

DKBA သည် ၎င်းတို့အား ဖေဖော်ဝါရီလအတွင်းက နှစ် ကြိမ်လာရောက်ခေါ်ဆောင်ခဲ့ သည်။ သမီးကလေးကျေးရွာမှ ရွာသားအချို့သည် DKBA က စီစဉ်ပေးသော နေရာသို့ မတ်လ အတွင်းက သွားရောက် ကြည့်ရှုခဲ့ ကြသည်။

 

Show commentsOpen link

posted from Bloggeroid

မန္တလေးယာဉ်အန္တရယ်

ယာဉ်ပိတ်ဆို့ များနဲယာဉ်တိုက်မှု့ များလာ
သောမန္တလေး
မန္တလေးမြိုတွင်ယခင်နှစ်များနဲ့ မတူယာဉ်
များပိုမိုတိုးပွာလာရာမှယာဉ်ပိတ်ဆို့ မှု့ များဖြစ်လာထိုနောက်ယာဉ်တိုက်မှုများ
မတော်တဆမှုများဆိုင်ကယ်တိုက်မှုများ
သေဆုံးမှုများ(2014)အတွင်ပိုများလာ
ယာဉ်တိုက်မှုမျာမှဆိုင်ကယ်နဲ့ ကား
တိုက်တာပိုများလမ်းများမှလဲပိတ်ဆိုလာ
လမ်းအသုံးပြုသူမျာနဲယာဉ်ပိုင်ရှင်များ
စည်ကမ်းမရှိတာတွေတွေ့ ရှိရပါကြောင်း
တင်ပြလိုက်ရပါသည

posted from Bloggeroid

D.K.B.Aသမီးကလေးရွာတချို့ ပြောင်မည့်

သမီးကလေးကျေးရွာသားတချို့ ဒီကေဘီအေနယ်မြေမှာ သွားနေမည်
by နော်နိုရင်း
DVBToday, 16:53
စစ်တပ်ပိုင်မြေမှာ ကျူးကျော်တယ်ဆိုပြီး ဖယ်ရှားခံရတဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် သမီးလေးရွာအပါအ၀င် ဖျက်စီးခံရတဲ့ရွာက ရွာသားသုံးရာခန့်ဟာ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) နယ်မြေမှာ ပြောင်းရွေ့နေထိုင်မှာဖြစ်ပါတယ်။

သမီးလေးကျေးရွာအပါအ၀င် ဖျက်စီးခံခဲ့ရတဲ့ ကျေးရွာတွေက ရွာသူရွာသား ၃၀၀ ကျော် မနက်ဖြန် ဧပြီလ ၂ ရက်နေ့မှာ သူတို့ခိုလှုံနေတဲ့ ယာယီဒုက္ခသည်စခန်းကနေ ဒီကေဘီအေ ထိမ်းချုပ်နေရာ ထိုင်းမြန်မာနယ်စပ် သောင်ရင်းမြစ်နဘေးက ကျေးရွာတရွာကို သွားရောက်ကြမှာဖြစ်ပါတယ်။


သမီးလေးကျေးရွာကို အာဏာပိုင်တွေက ၀င်ရောက် ဖျက်ဆီးခဲ့စဉ်

သူတို့တတွေကို ဒီကေဘီအေအဖွဲ့က ကနဦးပိုင်းခေါ်ဆောင်စဉ်က အစိုးရဘက်က တစုံတရာစီစဉ် ပေးမှုကိုမျှော်လင့်ပြီး လိုက်ပါဖို့ ငြင်းဆန်ခဲ့ကြပါတယ်။ ဒါပေမယ့် အစိုးရဘက်က ဆက်လက် လျစ်လှူရှုထားတာကြောင့် မိုးမကျမီ လုံလုံခြုံခြုံနေထိုင်နိုင်မယ့်နေရာမှာ သွားရောက် နေထိုင်ဖို့ ဆုံးဖြတ်ရတာ ဖြစ်တယ်လို့ အင်းပုတီးရွာသား ကိုမျိုးမင်းထွန်းက ပြောပါတယ်။
“ကျနော်တို့အနေနဲ့ကတော့ဗျာ ကိုယ်လုပ်စားကိုင်စားနေတဲ့နေရာကနေ ဘယ်သူမှ စွန့်ခွာပြီးတော့ မသွားချင်ဘူး။ အခုသွားတယ်ဆိုတာကလည်း ပျော်လို့ မဟုတ်ဘူး။ မလွှဲသာလို့သာ သွားကြတာပေါ့။ ဖြစ်နိုင်လို့ရှိရင် ကျနော်တို့နေရာမှာ ကျနော်တို့ ပြန်လိုချင်တယ်။ သူတို့က အခုနေအခါမှာ ပေးမယ်လို့သာ ပါးစပ်က ပြောပြီး တိကျရေရာတဲ့ အဖြေတခု ဒီနေ့အချိန်အထိ မထုတ်သေးတဲ့အတွက်ကြောင့် မိုးကာလက အရမ်းနီးနေပြီ။ ကျနော်တို့ တောသူ တောင်သားလက်ထဲမှာလည်း အမိုးတချပ်မရှိ ၀ါးတချောင်းမရှိ ဘ၀တွေ များတယ်။ အဲဒါကြောင့် ဟိုဘက်က ကူညီတဲ့ ဘက်ကို သွားရတာဖြစ်တယ်။ ဖြစ်နိုင်ရင် ကျနော်တို့နေရာမှာပဲ ကျနော်တို့ နေချင်တာပေါ့ဗျာ။”

ပြောင်းရွှေ့လိုက်ပါမယ့် မိသားစုပေါင်း ၁၀၀ လောက်ရှိပြီး လူဦးရေ စုစုပေါင်း ၃၀၀ သွားရောက်ဖို့ရှိ တယ်လို့ ဒီကေဘီအေခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်မှူးဆန်းအောင်က ပြောပါတယ်။

သမီးလေးကျေးရွာအပါအ၀င် ဒုက္ခရောက်နေတဲ့ ကျေးရွာသူကျေးရွာသားတွေကို အခုလို ဒီကေဘီအေနယ်မြေထဲနေရာချပေးတာဟာ လူသားခြင်းစာနာထောက်ထားတဲ့အနေအထားတဲ့ လုပ်ဆောင်တာဖြစ်ပြီး တခြားဘာရည်ရွယ်ချက်မှာမရှိကြောင်းလည်း ဗိုလ်မှူးဆန်းအောင်က ပြောပါတယ်။
“ဆာလောင်မွတ်သိပ်ပြီး ငတ်ပြတ်နေတဲ့ မိသားစုကို ကျနော်တို့ ကူညီတာပဲ ဖြစ်တယ်။ အနေမဲ့ အခိုမဲ့ ကြာလာရင် ငတ်ပြတ်သွားမယ်။ သူတို့အတွက် မကောင်းဘူးဆိုရင် ကျန်တဲ့အနာဂတ်မှာ ကိုယ့်တိုင်းပြည်အတွက်လည်း မကောင်းဘူးပေါ့ဗျာ။ ကျနော်တို့က ၀ိုင်းပြီး ကူညီတာပဲ ရှိတယ်။ ကျနော့်ကို ဆက်သွယ်လာလို့ ကျနော် စီမံတာပဲ ရှိပါတယ်။”

ပြောင်းရွှေ့လာမယ့် အိမ်ထောင်စုတွေကို ကရင်ပြည်နယ် မြ၀တီမြို့နယ် ကျောက်ခက် ကျေးရွာမှာ နေရာချထားပေးမှာဖြစ်တယ်လို့ ပြောပါတယ်။
“သူတို့ ရောက်တာနဲ့ သူတို့နေရာမယ့်နေရာ ပြပေးမယ်။ သူတို့လိုတဲ့ ဖက်တွေ သစ်၊ ၀ါးတွေ ပြပေးမယ်။ သယ်တာတော့ ကျနော်တို့ ၀ိုင်းသယ်ပေးမှာ ပေါ့နော်။ လောလောဆယ် သူတို့ အိမ်ဆောက်နေတဲ့ ကာလမှာ ကျနော်တို့ ထမင်းကြွေးမယ်။ ကျောက်ခက်ရွာနယ်မြေ အနေအထားကလည်း နယ်ပေါင်းစုံ၊ ရွာပေါင်းစုံက လာနေတဲ့ သူတွေပဲလေ။”

ဒီကေဘီအေ အနေနဲ့ ဒီကနေ့မှာ ၁၂ ဘီကား ၅ စီးနဲ့ သွားကြိုနေကြောင်းနဲ့ မနက်ဖြန် မနက်ပိုင်းမှာ ရန်ကုန်ကနေစတင် ထွက်ခွာပြီး မနက်ဖြန်ညနေပိုင်းမှာ ကောကရိတ်မြို့ကိုရောက် မှာဖြစ်ပြီး ရောက်တဲ့အခါ ရွာသားတွေကို ကြိုဆိုပွဲလုပ်ပေးမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းက တပ်ပိုင်နယ်မြေဆိုပြီး လှည်းကူးမြို့နယ် သမီးကလေး၊ အုတ်ဖို၊ အင်းပုတီး၊ လတ်ကျိုက်၊ ထီးပနာ၊ တောင်လုံးမြောင်၊ ထော်ကာလေ စတဲ့ ရွာပေါင်း ၆ ရွာ ဖျက်စီးခံခဲ့ရပါတယ်။

ဒေသခံတွေအနေနဲ့ အစောပိုင်းမှာ ရွာဖျက်ခံရလို့ ဘုန်းကြီးကျောင်းမှာ ခိုလုံခဲ့ကြပြီး နောက်ပိုင်း ဘုန်းကြီးကျောင်းပါ ဖျက်ခံရတဲ့အတွက် တောတွင်းမှာ လိုက်လံနေထိုင်ကြပြီး စေတနာရှင်တွေကလှူတဲ့ အလှူနဲ့ပဲ နေ့စဉ် စားသောက်ကြရတယ်လို့ ရွာသားတွေက ဒီဗွီဘီကို ပြောပါတယ်။

Show commentsOpen link

posted from Bloggeroid

ပြည်သူတွေရဲ့ လွတ်လပ်မှု

ဆန္ဒပြသူတွေကြောင့် ပြည်သူတွေရဲ့ လွတ်လပ်မှု မထိခိုက်ဖို့လို
by သဇင်ထွေး
DVBToday, 18:53
ဆန္ဒပြသူတွေအနေနဲ့ မိမိတို့ဆန္ဒကို လွတ်လပ်စွာထုတ်ဖော်ခွင့်ရှိပေမယ့် တခြား ပြည်သူတွေ့ရဲ့ လွတ်လပ်မှုကို အနှောက်အယှက် မဖြစ်စေဖို့နဲ့ စည်းကမ်းရှိရှိ ဆန္ဒထုတ်ဖော်ကြဖို့ လိုတယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ တာမွေမြို့နယ်တွင်းက လူများသွားလာနေတဲ့ လမ်းဘေးပလက်ဖောင်းပေါ်မှာ လနဲ့ချီ ဆန္ဒဖော်ထုတ်နေတဲ့ မြေသိမ်းခံရသူတွေကို ရဲလုံခြုံရေးတာဝန်ရှိသူတွေက ဒီကနေ့ မနက်ပိုင်းက မြို့တော်ခန်းမမှာ ခေါ်ယူဆွေးနွေး ပြောဆိုလိုက်တာပါ။


မိကျောင်းကန် မြေသိမ်းခံရမှုကြောင့် သပိတ်စခန်းဖွင့်လှစ် ဆန္ဒပြခဲ့ကြစဉ်

ဆန္ဒပြသူတွေကြောင့် အများပြည်သူတွေရဲ့လွတ်လပ်ခွင့်တွေကို ထိပါးမှု ရှိနေတဲ့အကြောင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနက ဗိုလ်မှူးကြီးတင်ဝင်းက အခုလိုပြောသွားပါတယ်။
“လမ်းဘေး ဆန္ဒပြနေကြတယ်။ ဒီဆန္ဒပြနေတဲ့ နေရာတ၀ိုက်မှာရှိတဲ့ ပြည်သူလူထုအတွက်ကို ပြန်စဉ်းစားပေးဖို့ လိုမှာဖြစ်ပါတယ်။ ကနေ့ ပြည်သူလူထုများဟာ ကိုယ့်အိမ်ရှေ့မှာ နေ့စဉ်နဲ့အမျှ ဆန္ဒပြ အော်ဟစ်နေကြတယ်။ နောက်တခုက အလေးအပေါ့တွေ စွန့်စွန့် သွားကြတယ်။ ဒီပြည်သူလူထုအနေနဲ့ အများကြီး အနှောက်အယှက်ဖြစ်ပါတယ်။ မိမိဆန္ဒကို ဖော်ထုတ်သော်လည်းပဲ တခြားသူရဲ့ လွတ်လပ်ခွင့်ကို သွားပြီး အနှောက်အယှက်ဖြစ်လို့ မရပါဘူး။”
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးချုပ် သူရဘိုနီကလည်း မိမိတို့ရဲ့အခက်အခဲနဲ့ မိမိတို့ရဲ့ဆန္ဒတွေကို တင်ပြတဲ့အခါမှာ စည်းကမ်းတကျ ဆန္ဒပြတာဟာ အကောင်းဆုံးဖြစ်တယ်လို့ အခုလိုပြောပါတယ်။

“ကျနော်တို့ နိုင်ငံရဲ့ သွားတဲ့လမ်းကြောင်းဟာ ဒီမိုကရေစီ လူ့အသိုင်းအ၀ိုင်းနဲ့ နိုင်ငံတကာ အဆင့်နဲ့ ညီအောင် ဆောင်ရွက်လာတဲ့အခါမှာ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ဆွေးနွေးခွင့်၊ နောက်တခုက မိမိဆန္ဒကိုလည်း ခွင့်ပြုချက်နဲ့ တင်ပြနိုင်ခွင့်ကို ခွင့်ပြုချက်နဲ့ တင်ပြနိုင်ခွင့်ကို ပြုလာခဲ့တဲ့ အခြေအနေဖြစ်လာပါတယ်။ ပြည်သူလူထုများအနေနဲ့ မိမိတို့ရဲ့ အခက်အခဲများ မိမိတို့တင်ပြချင်တဲ့ဟာများကို တင်ပြတဲ့အခါမှာ စည်းကမ်းတကျလုပ်တဲ့စနစ်ကို ပြုလုပ်တာက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံးဖြစ်ပါတယ်။”

တာမွေမြို့နယ်မှာရှိတဲ့ မြန်မာဂုဏ်ရောင်အိမ်ရာဝန်းက အိမ်ခြေ ၇၇၀ ကို ရေတပ်စစ်တန်းလျား ဆောက်ရန်အတွက် ၁၉၉၄ ခုနှစ်က ဖယ်ရှားခဲ့ပြီးနောက်ပိုင်းမှာ ဝါဝါဝင်းကုမ္ပဏီက အိမ်ရာ စီမံကိန်း ဆောက်လုပ်ခဲ့တာပါ။

အခု အစိုးရသစ်ပြောင်းချိန်မှာ ဒီမြေသိမ်းမှုကြောင့် ဆုံးရှုံးခဲ့ရမှုအတွက် လျော်ကြေးပေးဖို့ မူလမြေပိုင်ရှင်တွေက နှစ်လကျော်ဆန္ဒပြအပြီး အစိုးရတာဝန်ရှိသူတွေ့က အခုလို ခေါ်ယူ ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြသူတွေ့ဘက်တော့ အစိုးရတာဝန်ရှိသူတွေက တစုံတရာရှင်းပေးခြင်း မရှိတဲ့အတွက် ခုလို ရက်ရှည်လများ ဆန္ဒပြနေတာဖြစ်တယ်လို့ ဒေါ်လုံမက ပြောပါတယ်။
“ကျမတို့က နေပူခံပြီးတော့ အသနားလာခံတာ အဆင့်ဆင့်တင်ပြခဲ့ပြီးပြီ။ ၂၂ ရက် ၃ လပိုင်း ၂၀၁၄ ခုနှစ်က ဦးအောင်သိန်းလင်းက ကျမတို့ဆီလာတယ်။ ဦးအောင်သိန်းလင်းက လွှတ်တော်ပြီးရင် ရုံးကို ခေါ်ပြီး ညှိနှိုင်းပေးပါ့မယ်ဆိုပြီး မညှိနှိုင်းပါဘူး။ မတ်လ ၃၀ ရက်နေ့ကလည်း သမ္မတကြီးလက်ထဲကို စာပေးခဲ့ပါတယ်။ ကျမတို့က အသနားခံတာပါ။ ကိုယ့်ရသင့် ရထိုက်တဲ့ အခွင့်အရေးကို အသနားခံတာပါ။ နိုင်ငံတော်က အဆုံးအဖြတ်ပေးတဲ့ အဖြေကိုပဲ ကျမတို့ နာခံတာပါ။”

ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကတော့ ယခင်အစိုးရလက်ထက်က ဖြစ်ခဲ့တဲ့ ကိစ္စတွေ့ကို အစဖော် ဖြေရှင်းဖို့ အခက်ခဲရှိပြီး သက်ဆိုင်ရာက အထောက်ထားတွေ့နဲ့ ဖြေရှင်းပေမယ့်အကြောင်း ထိုက်တန်တဲ့ လျှော်ကြေးရရှိတဲ့အထိ ကုမ္ပဏီနဲ့ ဆွေးနွေး ပေးမည်ဖြစ်ပြီး ဆန္ဒပြသူတွေ့အတွက် ဆန္ဒပြဖို့ နေရာတွေကိုလည်း သတ်မှတ်ပေးသွားမယ်လို့ ပြောကြားသွားပါတယ်။

ဒီကနေ့ အာဏာပိုင်တွေနဲ့ တွေဆုံအပြီးမှာတော့ မြန်မာဂုဏ်ရောင်အိမ်ရာက ဆန္ဒပြသူတွေ့ဟာ သပိတ်စခန်းကို ပိတ်သိမ်းပြီး မိမိတို့ နေထိုင်ရာ ဒဂုံဆိပ်ကမ်းမြို့နယ်ကို ပြန်ဖို့ ဆုံးဖြတ်ထား တယ်လို့လည်း သိရပါတယ်။

Show commentsOpen link

posted from Bloggeroid