Saturday, May 3, 2014

မြန်မာနိုင်ငံဘာသာရေး

မြန်မာကို ဘာသာရေး လွတ်လပ်ခွင့် အထူးစိုးရိမ်ရနိုင်ငံ စာရင်းသွင်းရန် တင်ပြ
by ကို​ထွေး
DVBYesterday, 17:56
ဘာသာရေး လွတ်လပ်ခွင့်အတွက် အထူးစိုးရိမ်ရတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံကို ထည့်သွင်းဖို့ အမေရိကန် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင် (USCIRF) က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနကို တင်သွင်းလိုက်ပါတယ်။

ဧပြီ ၃၀ ရက်နေ့က ထုတ်ပြန်တဲ့ ၂၀၁၄ ခုနှစ်နဲ့ ဘာသာရေး လွတ်လပ်ခွင့်နဲ့ပတ်သက်တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရှိ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေဟာ ဘာသာရေးလွတ်လပ်ခွင့်အပေါ် ဥပဒေအရ ပေးထားတဲ့ အကာအကွယ်တွေ ပိုမိုတိုးတက်ကောင်းမွန်လာခြင်းမရှိစေဘဲ အထူးသဖြင့် ရိုဟင်ဂျာ မွတ်စလင်လူနည်းစုအပေါ် ပစ်မှတ်ထားပြီး မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှု၊ လှုံ့ဆော်မှုနဲ့ ခွဲခြားဆက်ဆံမှုများ လျော့နည်းရေးအတွက် အနည်းအကျဉ်းသာ ဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရဲက ကြားဖြတ်ဝင်ရောက် ဆောင်ရွက်နိုင်ခြင်းမရှိဘဲ အစိုးရကလည်း ဘာသာရေး အကြမ်းဖက်မှုရဲ့ အခြေခံအကြောင်းရင်းကို ဖြေရှင်းဖို့ (သို့မဟုတ်) တာဝန်ရှိပုဂ္ဂိုလ်တွေကို အပြည့်အ၀ တာဝန်ယူစေဖို့ လုံလောက်တဲ့ အဆင့်တွေ လုပ်ကိုင်ခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

ရိုဟင်ဂျာနဲ့ ကမန်မွတ်စလင်လူနည်းစုတွေအပေါ် နိုင်ငံတော်မှ ပံ့ပိုးခွင့်ပြုထားတဲ့ ခွဲခြားဆက်ဆံမှုနဲ့ အကြမ်းဖက်မှုတွေ ဆက်လက်ပေါ်ပေါက်နေပြီး မကြားသေးခင်က ကချင်ပြည်နယ်မှာ တပ်မတော် တိုက်ခိုက်မှုကြောင့် တိုင်းရင်းသားလူနည်းစု ခရစ်ယာန်တွေဟာ ကြီးလေးတဲ့ မတော်မတရားမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

စနစ်တကျရှိပြီး လွန်ကဲတဲ့ အဲဒီလို ဆက်လက်ချိုးဖောက်မှုတွေအပေါ် အခြေခံကာ မြန်မာပြည်ကို ၂၀၁၄ ခုနှစ်မှာ “အထူးစိုးရိမ်ရတဲ့ နိုင်ငံ” အဖြစ် သတ်မှတ်ရန် USCIRF က အမေရိကန် နိုင်ငံခြားဝန်ကြီးဌာနကို အကြံပြုထားပါတယ်။

မြန်မာနိုင်ငံအပါအ၀င် အထူးစိုးရိမ်ရတဲ့ ၈ နိုင်ငံစာရင်းထဲမှာ တရုတ်၊ အီရီထရီ၊ အီရန်၊ မြောက်ကိုးရီးယား၊ ဆော်ဒီအာရေဗျ၊ ဆူဒန်နဲ့ ဥဇဘက်ကစ္စတန်နိုင်ငံတွေ ပါဝင်ပါတယ်။

အီဂျစ်၊ အီရတ်၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ဆီးရီးယား၊ တာဂျစ်ကစ္စတန်၊ တပ်မန်နစ္စတန်နဲ့ ဗီယက်နမ်တို့ဟာ ဘာသာရေး လွတ်လပ်ခွင့် ဆိုးဆိုးဝါးဝါး ချိုးဖောက်ကျူးလွန်တာတွေ ရှိနေတယ်လို့လည်း ထည့်သွင်းထားပါတယ်။

၁၉၈၈ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ ဒီကော်မရှင်ဟာ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ဥပဒေ (IRFA) အတွက် လွတ်လပ်တဲ့ အကြံပေး အဖွဲ့တခုဖြစ်သလို ပြည်ပမှာ ဘာသာရေး လွတ်လပ်ခွင့် မတော်မတရား လုပ်တာကို စောင့်ကြည့်ဖို့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

Show commentsOpen link

posted from Bloggeroid

Friday, May 2, 2014

ယနေ့ 3/5/2014နှစ်ကါတီပေါင်းစည်းရေး

ရှမ်းနိုင်ငံရေးပါတီကြီး နှစ်ခု ပူးပေါင်းရေး စတင်ဆွေးနွေး
by noreply@voanews.com (ကိုမိုးဇော်)
VOA News: သတင်းToday, 05:03

အင်အားကြီး ရှမ်းပါတီကြီးနှစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP တို့ဟာ နှစ်ပါတီ ပေါင်းစည်းရေး အတွက် မေလ ၃ ရက်နေ့မှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးဖို့ ရှိနေပြီး ဒီဆွေးနွေးပွဲမှာ တိုင်းနဲ့ ပြည်နယ် ၁၄ ခုမူနဲ့  ၈ ပြည်နယ်မူဟာ အဓိက အကျေအလည် ဆွေးနွေးရမယ့် အချက်တွေဖြစ်နေပါတယ်။ ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ပါတီဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲင်ခဲ့ပြီး...
Show commentsOpen link

posted from Bloggeroid

Thursday, May 1, 2014

မန္တလေးက ည နကားကြီးများယာဉ်စစ်သောနေရာ

မန္တလေးတိုင်းဒေသကြီးအမရပူရမြို့ နယ်

စွယ်တော်ဘုရားအရှေ့ဘက်က ည န
ကားကြီးများလိုင်စင်သက်တမ်းတိုးနယ်ဝင်
ကားကြီးများအားတာဝန် ကျဝန်ထမ်းများ
နေပူပူတွင်လိုလံစစ်ဆေးပေးနေသော
မန္တလေးက ည နဝန်ထမ်းအားမြင်စဉ်



posted from Bloggeroid

မန္တလေးက ည နကားကြီးများယာဉ်စစ်သောနေရာ

မန္တလေးတိုင်းဒေသကြီးအမရပူရမြို့ နယ်

စွယ်တော်ဘုရားအရှေ့ဘက်က ည န
ကားကြီးများလိုင်စင်သက်တမ်းတိုးနယ်ဝင်
ကားကြီးများအားတာဝန် ကျဝန်ထမ်းများ
နေပူပူတွင်လိုလံစစ်ဆေးပေးနေသော
မန္တလေးက ည နဝန်ထမ်းအားမြင်စဉ်



posted from Bloggeroid

ယနေ့ 2/5/2014ပျော်ရွင်နေသောသူများဘဝ

မန္တေ လးတိုင်းဒေသကြီးပြင်ဦးလွင်မြိုက
တောင်သူများမြေယာများသိမ်းထားသူများ
အားမှူလပိုင်ရှင်းထံပြန်လယ်ပေးအပ်ကြောင်း
သတင်းရှိပါသည်
မှတ်ချက်မိမိမြေကိုပြန်လယ်ရယူလိုသူများ
အမြန်လျှောက်ထားစေလိုပါသည်
ဒီလိုလျှောက်ထားသူဒီလိုပြန်ရလိုပျော်နေ







posted from Bloggeroid

မန္တလေးမေဒေနေ့ အလုပ်သမားများဆန္ဒပြ

မန္တလေးတိုင်းဒေသကြီးပြည်ကြီးတံခွန်မြို့နယ်
စီပီကြက်သားပေါက်စက်ရုံအလုပ်သမား
များဆန္ဒပြအလုပ်သမားနေ့ ဖြစ်သော်လဲ
အလုပ်မနားလခလဲတိုးမြှင့်မှုမရှိပါသဖြင့်
အလုပ်သမားဆန္ဒပြတောင်းဆိုအဆိုပါ
ဆန္ဒပြအလုပ်သမားအားတံခွန်အလုပ်
သမားသမ္မကအဖွဲ့မှကူညီပေးနေထိုတူ
မန္တလေးအလုပ်သမားလယ်သမားအား
(LIO)ချိတ်ဆက်ဆောင်ရွက်ပေးနေမန္တလေး
(F.N.I)အဖွဲ့ မန္တလေးကုန်ဈေးနုံးကျဆင်း
ရေးအဖွဲ့ (M.D.C.F)တို့ မှာဝိုင်ရံကူညီပေး
နေပါကြောင်းတင်ပြလိုက်ရပါသည်

posted from Bloggeroid

မန္တလေးမေစုလာမည်

ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်တို့ မန္တလေးမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဟောပြောမည်
by ကို​ထွေး
DVBApr 30, 2014
လာမယ့် မေလ ၁၈ ရက်နေ့ မန္တလေးမြို့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပထမဆုံးအကြိမ် ပူးပေါင်းပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပူးပေါင်းဟောပြောမှာ ဖြစ်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့ တွေ့ဆုံစဉ် — ဓာတ်ပုံ – ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းအကြား ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အတူတကွ လက်တွဲဆောင်ရွက်မယ်လို့ ထုတ်ပြန်ပြီးတဲ့ နောက် ပထမဆုံးအကြိမ် လူထုအကြား ပူးတွဲဆောင်ရွက်ချက်ဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲအတွက် မန်းတောင်ခြေက မြစ်ငယ်ကွင်းနဲ့ အောင်ပင်လယ်ကွင်းမှာ ပြုလုပ်နိုင်ဖို့ အာဏာပိုင်တွေဆီမှာ ဧပြီ ၂၉ ရက်နေ့တုန်းက လျောက်ထားတယ်လို့ မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းလှသိန်းက ပြောပါတယ်။
“ဘာတွေလုပ်မယ်ဆိုတောကို အသေးစိတ် ကျနော်တို့ကို မပြောသေးဘူး။ လောလောဆယ်တော့ အခြေခံဥပဒေနဲ့ ပတ်သက်တဲ့ အကြောင်းကိုပဲ ဇောင်းပေးပြီး ပြောမှာပဲ။ ဒါပေမယ့် အသေးစိတ်ကို ကျနော်တို့ မသိရသေးဘူး။ ဒါက ဗဟိုက စီစဉ်တာလေ။ ကျနော်တို့က ဒီမှာ ကွင်းရရှိရေးနဲ့ စတိတ်စင်နဲ့ ဟောပြောပွဲဖြစ်မြောက်ရေးအတွက် လုပ်ရတာပဲ။”

၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဂျင်မီကတော့ နေရာနဲ့ အချိန်ကို အသေးစိတ် စီစဉ်ထားတာရှိပေမယ့် အတိအကျပြောဆိုဖို့ ခက်တယ်လို့ အခုလို ပြောပါတယ်။

“သေချာတာတခုကတော့ အဲဒီအလုပ်တွေက လုပ်မယ်ဆိုတာ ပြောလို့ရပါတယ်။ ကျနော်တို့ ၂၁ ရက်နေ့က နောက်ဆုံးဆွေးနွေးခဲ့တဲ့အထဲမှာ အသေးစိတ်ဆွေးနွေးမှုတွေ ရှိပါတယ်။ သို့သော် အဲဒါကို အန်တီဘက်ကနေပြီး ဗဟိုအလုပ်အမှုဆောင်ကို တင်ပြီးတော့မှ အတည်ပြုချက်ယူမယ် ဆိုတဲ့ သဘောပေါ့။ အဲဒီတော့ ဗဟိုအလုပ်အမှုဆောင်ကို အတည်ပြုချက်ထွက်လာရင်တော့ ဒီထက်ပိုပြီး တိတိကျကျ ပြောနိုင်မှာပါ။”

ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်က ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး အပါအ၀င် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လုပ်ငန်းတွေကို ဆွေးနွေးခဲ့ကြပါသေးတယ်။

Show commentsOpen link

posted from Bloggeroid