Wednesday, February 5, 2014

ယာမြေများရောင်၍အလှူပေးနေပြီး

အမရပူရမြို့နယ်ရွှေကြက်ယက်တိုက်နယ်
ရွှေလေးကျေးရွာတောင်သူများလယ်ယာမြေများရောင်၍အလှူပေးပါပြီး
ကောင်းတော့ကောင်းပါတယ်လယ်မြေတွေမရှိတော့နောက်ဘာတွေစိုက်လိုဘာတွေလုပ်ကြမယ်ဆိုတာမသိဘူးခုတော့
အဆင်ပြေနေတယ်ဆင်နဲတောင်အလှူပေးနေပါပြီး





posted from Bloggeroid

Tuesday, February 4, 2014

Tuesday, February 4, 2014
ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု မလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည် မှာကြား

RFA
 ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုတာဟာ နိုင်ငံအတွက်အရေးကြီးလို့ ဖြစ်ကြောင်းနဲ့ တခြားပါတီတွေကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာတွေမလုပ်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေကို NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။ ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးကို လာရောက်လေ့လာတဲ့ နေပြည်တော် ဇဗ္မူသီရိမြို့နယ်နဲ့ ပဲခူးတိုင်း သနပ်ပင်မြို့နယ်တို့က NLD ပါတီဝင်တွေကို ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက်တွန်းပြောလိုက်တာပါ။ “ကျမတို့ရဲ့မူအရပေါ့နော် တခြားပါတီတွေကို တိုက်ခိုက်တာတို့၊ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာကို ဘယ်တော့မှမလုပ်ဘူး၊ နိုင်ငံရေးအလုပ်လုပ်တယ်ဆိုတာ မူအရလုပ်ရတာ ပုဂ္ဂိုလ်ရေးတွေ၊ ပါတီစွဲတွေ အဲဒါမျိုးတွေ ဆွဲထည့်လို့ရှိရင် အောက်တန်းကျတဲ့ နိုင်ငံရေးဖြစ်သွားမယ်၊ အဲဒါမျိုးကိုတော့ မလုပ်ကြဖို့၊ ကိုယ့်အချင်းချင်းကတော့ ညီညီညွှတ်ညွှတ်ဖြစ်ရမယ်၊ အခု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲဖို့ဆိုတာဟာ ကျမတို့ပါတီအတွက် မဟုတ်ဘူး၊ နိုင်ငံအတွက် အရေးကြီးလို့ ဒါပြုပြင်ပြောင်းလဲတာ” လွှတ်တော်က ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်ထောင်စုလွှတ်တော်မှာ အစီရင်ခံစာတင်သွင်းခဲ့ရာမှာ နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (စ) နဲ့ အရေးကြီးတဲ့ပုဒ်မတွေ မပြင်ဖို့ လူပေါင်း တစ်သိန်း ခြောက်ထောင်ကျော်က လက်မှတ်ရေးထိုး တင်ပြထားကြောင်း ပါရှိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြည်သူအများစုက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လိုကြောင်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းစီအနေနဲ့ မိမိတို့ကိုယ်စားပြုတဲ့ မဲဆန္ဒနယ်က ပြည်သူတွေရဲ့ သဘောထားအတိုင်း ရပ်တည်ပြဖို့ လိုအပ်ကြောင်းကိုလည်း သတင်းထောက်တွေက ဒီနေ့ မေးမြန်းရာမှာ ပြောခဲ့ပါတယ်။
ရဲရင့်ငယ်(ကနေဒါ) ... 2/04/2014

No comments:
Post a Comment


Home
View web version

Powered by Blogger

posted from Bloggeroid

88ကျောင်သားများနဲအမေစု

လွတ်တော်တွင်တွေ့ဆုံ


posted from Bloggeroid

အာရှမှအလှမယ်လေးများ

facebook

Like အာရှမှအလှမယ်လေးများ on Facebook

ဆုမြတ် ယမင်းသန့် invited you to like အာရှမှအလှမယ်လေးများ.

posted from Bloggeroid

Sunday, February 2, 2014

facebook

Kyawmoe Win
Kyawmoe Win is at View Point Hotel Pindya Street Aungban: "မင်္ဂလာနံနက်ခင်းပါမိတ်ဆွေတို့အောင်ပန်းမြို့နံနက်ခင်းကတော့ချမ်းအေးလွန်းတယ်"

posted from Bloggeroid

ကျေးဇူးတင်ပါတယ်facebookသူငယ်ချင်း

facebook

Zarni Thway wants to be friends with you on Facebook.
Works at Yangon, Burma · Dagon University · Yangon, Burma
1,995 friends · 269 photos · 350 groups
Confirm Request
See All Requests
This message was sent to yeelinaung2013@gmail.com. If you don't want to receive these emails from Facebook in the future, please unsubscribe.
Facebook, Inc., Attention: Department 415, PO Box 10005, Palo Alto, CA 94303

posted from Bloggeroid

Saturday, February 1, 2014

သတင်းထောက်လေးဦးအဖမ်းခံရ

 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
ဖေဖော်ဝါရီ ၂၊ ၂၀၁၄

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ တီဗွီမဂ္ဂဇင်း၊ တီဗွီသတင်းလွှာ အစီအစဉ်များ...

 
မြန်မာ

နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ သတင်းထောက်လေးဦး အဖမ်းခံရ
မကွေးတိုင်း၊ ပေါက်မြို့နယ်က သိမ်းဆည်းထားတဲ့ လယ်မြေဧက ၃ သောင်းကျော်ပေါ်မှာ တည်ဆောက်နေတဲ့ စက်ရုံကို ဓာတုစက်ရုံဖြစ်နိုင်ဖွယ်ရှိကြောင်း ဖော်ပြခဲ့တဲ့ ဆောင်းပါးပါ ယူနတီဂျာနယ်က အယ်ဒီတာချုပ်အပါအဝင် သတင်းထောက် (၄) ဦးကို ထိန်းသိမ်းထားလိုက်ပါတယ်။ အပြည့်အစုံ
 
မန္တလေးဝန်ကြီးချုပ် ယာဉ်တန်း တိုက်ခိုက်မှု စုံစမ်းစစ်ဆေးမည်
မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့်လိုက်ပါတဲ့ယာဉ်တန်းဟာ မိုးကြိုးပစ်ရွာအနီး မိုးကုတ်-နောင်ချိုကားလမ်းမကြီးပေါ်မှာ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး ဝန်ကြီးချုပ်ကို အထိအခိုက်မရှိပေမယ့် လိုက်ပါလာတဲ့ သတင်းထောက်နှစ်ဦး ဒဏ်ရာအနည်းငယ်ရခဲ့ကြပါတယ်။ အပြည့်အစုံ
 
သမ္မတဦးသိန်းစိန် ကျန်းမာရေးနဲ့ ပညာရေး ပြုပြင်ရေး ကြိုးပမ်းမည်
သမ္မတဦးသိန်းစိန်ရဲ့ ဖေဖော်ဝါရီလ မိန့်ခွန်းမှာ ကျန်းမာရေးအတွက် ဆင်းရဲချမ်းသာမရွေး လက်လှမ်းမီနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အကောင်အထည်ဖော်ဖို့ ရှိကြောင်းနဲ့ ထူးချွန်ကျောင်းသားတွေအတွက် သမ္မတရဲ့ ပညာသင်ဆု ချီးမြှင့်ရေး ဆောင်ရွက်နေကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။ အပြည့်အစုံ
 
နိုင်ငံတကာ

အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှု ၁၄ ဦးထက်မနည်း သေဆုံး
အင်ဒိုနီးရှားနိုင်ငံက လပေါင်းများစွာ လှုပ်ရှားနေခဲ့တဲ့ ဆင်နာဘောင် (Sinabung) မီးတောင်ဟာ စနေနေ့မှာ ပြင်းထန်စွာပေါက်ကွဲခဲ့တဲ့အတွက် လူပေါင်း ၁၄ ယောက် ထက်မနည်း သေဆုံးခဲ့ရပါတယ်။ အပြည့်အစုံ
 
ထိုင်းရွေးကောက်ပွဲအကြို ပစ်ခတ်မှုတွေဖြစ်ပွား
ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲမကျင်းပခင်တစ်ရက်အလို စနေနေ့က ဘန်ကောက်မြို့တော်မှာ ဆန္ဒပြသူတွေနဲ့ အစိုးရထောက်ခံသူတွေအကြား အပြန်အလှန်ပစ်ခတ်ခဲ့ကြတဲ့အတွက် လူ (၇) ယောက်ထက်မနည်း ဒဏ်ရာရသွားပါတယ်။ အပြည့်အစုံ
 
ထိုင်း ရွေးကောက်ပွဲ အထမမြောက်ရေး အစိုးရဆန့်ကျင်သူတွေ လှုပ်ရှား
ထိုင်းနိုင်ငံမှာ တနင်္ဂနွေနေ့ကျရင် ပုံမှန်ထက်စောပြီး ကျင်းပမယ့် ရွေးကောက်ပွဲတွေ ပျက်သွားစေဖို့ အဓိကထားနေကြတဲ့ အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေရဲ့ တတိယနေ့နဲ့ နောက်ဆုံးနေ့အဖြစ် မြို့တော်ဘန်ကောက်က လမ်းမတွေပေါ်မှာ ဆန္ဒပြသူတွေနဲ့ ပြည့်သိပ်နေပါတယ်။ အပြည့်အစုံ
 
ယူကရိန်းလူထုနဲ့အတူ အီးယူနဲ့အမေရိကန်ရပ်တည်
လုံခြုံကြွယ်ဝတဲ့နိုင်ငံထဲမှာ လွတ်လွတ်လပ်လပ် နေထိုင်နိုင်ဖို့ ကြိုးစားနေကြတဲ့ ယူကရိန်းပြည်သူတွေနဲ့အတူ အမေရိကန်အစိုးရနဲ့ EU ဥရောပသမဂ္ဂတို့က ရပ်တည်တယ်လို့ ဂျာမနီမှာရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ကပြောခဲ့ပါတယ်။ အပြည့်အစုံ
 
သြစတြေးလျ ငါးမန်းသုတ်သင်ရေး ပင်လယ်ချစ်သူတွေ ကန့်ကွက်
သြစတြေးလျနိုင်ငံမှာ ငါးမန်းအန္တရာယ်ကျဆင်းရေးအတွက် ၉ ပေအထက် ငါးမန်းတွေကို သတ်ပစ်နိုင်ဖို့ အစိုးရရဲ့အစီအစဉ်ကို ပယ်လယ်ချစ်သူတွေက ကန့်ကွက်နေကြပါတယ်။ အပြည့်အစုံ
 
အပတ်စဉ် တီဗွီမဂ္ဂဇင်း

အပတ်စဉ် တီဗွီမဂ္ဂဇင်း
သမ္မတအိုဘားမားက မြန်မာအပါအ၀င် ဒီမိုကရေစီထွန်းကားရေးလိုလားတဲ့နိုင်ငံတွေကို ထောက်ခံသွားမယ်လို့ နိုင်ငံတော် အခြေပြမိန့်ခွန်းမှာပြောဆိုလိုက်ပါတယ်။ ဗြိတိန်နိုင်ငံခြားရေးဌာန၊ အာရှရေးရာဝန်ကြီး Hugo Swire က မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ဖို့လိုအပ်တယ်လို့ပြောပါတယ်။ အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင် ရပ်ဆိုင်း
အကယ်၍ အီးမေးလ် သတင်းလွှာ ပြန်လည်ရရှိလိုပါက သတင်းလွှာ ပြန်လည်ရယူ
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA


posted from Bloggeroid