Wednesday, September 28, 2016

ဆိုင်ကယ်အတွင်းက မူးယစ်ဆေးဖမ်းမိ

မတ္တရာမြို့နယ်တွင် ဆိုင်ကယ် အဲကလင်ဒါဘောက်အတွင်းမှ မူးယစ်ဆေးဝါးဖမ်းဆီးရမိ

မန္တလေး၊ စက်တင်ဘာ ၂၈

၂၇-၉-၂၀၁၆ ရက်နေ့ နေ့လည် ၂ နာရီခွဲအချိန် မတ္တရာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မူးယစ်သတင်းအရ မတ္တရာမြို့၊ အမှတ်(၅)ရပ်ကွက်၊ ရွှေပုထိုးကျောင်း တောင်ဘက်တွင် စောင့်ဆိုင်းနေစဉ် ၃၂ယ/ xxxxx Yinxiang-125ဆိုင်ကယ်ဖြင့် ရောက်ရှိလာသူ ကျော်ဇင်ဝင်းအား ရပ်တန့်ရှာဖွေစစ်ဆေးရာ ဆိုင်ကယ်၏အဲကလင်ဒါဘောက်ထဲ၌ ကွက်ပြီး ထည့်ထားသော အပြာရောင်ပလပ်စတစ်အိတ်ဖြင့်ထည့်လျက် 88/1စာတမ်းပါပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၄၈ ပြား၊ အလေးချိန် ၄.၈ ဂရမ်(ဒေသ ပေါက်ဈေးဆေးပြား ၁ ပြားလျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် ၁၄၄၀၀၀ ကျပ်)အား သိမ်းဆည်းရမိခဲ့သဖြင့် ကျော်ဇင်ဝင်းအား မတ္တရာမြို့မရဲစခန်း မယ(ပ)၃/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်ဖမ်းဆီးစစ်ဆေးလျက်ရှိပါကြောင်း သတင်းရရှိသည်​။
Ba soe

posted from Bloggeroid

Tuesday, September 27, 2016

အမျိုးသားတစ်ဦးဆွဲကြိုချသေ

အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
ကော့သောင်း စက်တင်ဘာ ၂၈

27.9.2016 ရက်နေ့ 1530 အချိန်ခန့်တွင် ကော့သောင်းမြို့ ရွှေပြည်စိုးကျေးရွာအုပ်စု ချောင်းဝကျေးရွာ သင်္ချိုင်းတွင် အမျိုးသားတစ်ဦး ကြိုးဆွဲ ချ သေဆုံးမှုဖြစ်ပွါးကြောင်း သတင်းအရ ရဲအုပ်အေးကြိုင် ဦးစီးအဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ရာ ကြိုးဆွဲချ သေဆုံးသူမှာ ကြည်လွင် ၃၅ နှစ် (ဘ) ဦးထွန်းလွင် ချောင်းဝကျေးရွာ နေသူဖြစ်ကြောင်း သိရှိ ရပြီး အခင်းဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းခဲ့ရာ ကြည်လွင် သည် လွန်ခဲ့သော ၂ နှစ်ခန့်ကချောင်းဝ ကျေးရွာနေ မနှင်းနှင်းစန်း နှင့်အိမ်ထောင် ကျခဲ့ပြီး လွန်ခဲ့သော ၁ နှစ် ခန့်က ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင် နေရာ မှ ပြန်လည်ရောက်ရှိလာစဉ် ၄င်း၏ဇနီးဖြစ် သူ မနှင်းနှင်းစန်း မှာ နောက်အိမ်ထောင် ထပ်မံ ပြုထား ကြောင်း သိရှိရသဖြင့် ကြည်လွင်မှ မနှင်းနှင်းစန်းအား နံနက် 0900 အချိန်ခန့်တွင် ဓါးဖြင့် ထိုးခဲ့၍ ကော့သောင်း ဆေးရုံတွင် အတွင်းလူနာ မစိုးရိမ်ရ အဖြစ် တက်ရောက် ကုသမှု ခံယူနေရပြီး ညနေပိုင်းတွင် ကြည်လွင် မှ ကြိုးဆွဲချ သေဆုံးသည့် ဖြစ်စဉ် ဖြစ်ပွါး ခဲ့ကြောင်း သိရှိ ရပါသည်။

ကြည်လွင်သည် ကျေးရွာအတွင်းနေထိုင်စဉ်က ပြစ်မှု့ တစ်စုံတစ်ရာမရှိဘဲ လူအေးတစ်ယောက်ဖြစ် ကြောင်း၊ ၄င်း၏ ဖခင်ဖြစ်သူ ဦးထွန်းလွင် မှာလည်း ကြိုးဆွဲချ သေဆုံးခဲ့သူ တစ်ဦးဖြစ်ကြောင်း နှင့် အိမ်ထောင် ရေး ကိစ္စကြောင့် ကြိုးဆွဲချသေဆုံးခြင်း ဖြစ်နိုင်ကြောင်း သုံးသပ် ရရှိသော်လည်း ၄င်းသေဆုံးခြင်းနှင့် ပတ်သက်၍ ဓမ္မာတာအတိုင်း သေဆုံးခြင်ဟုတ်/မဟုတ် အမှုဖွင့်စစ်ဆေးလျှက် ရှိကြောင်း သိရှိရပါသည်။

ကော့သောင်းမြို့အနေဖြင့် ၂၀၁၆ ခုနှစ်အတွင်း အကြောင်း အမျိုးမျိုးကြောင့် သေဆုံးမှုများအား ဓမ္မာတာ အတိုင်း/တစ်ဦးတစ်ယောက်၏ ပရောဂကြောင့် သေဆုံး ခြင်းဟုတ်/မဟုတ်အား အမှုဖွင့်စစ်ဆေးသည့် အမှုပေါင်း ၃၃ မှုအထိ ရှိကြောင်းလည်း သိရှိရပါသည်။

Aung Zaw Min Tun
Copy>>Ba soe

posted from Bloggeroid

ရပ်ကွက်အသိမပေးဘဲ တာဝါတိုင်တည်ဆောက်သဖြင့်ဒေသခံများလက်မခံ

"ရပ်ကွက်အတွင်း အူဒီတူးတာဝါတိုင်တည်ဆောက်ခြင်းကိုဒေသခံ
များလက်မခံဟုဆို"
=============================================
မန္တလေး စက်တင်ဘာ ၂၃
မန္တလေးတိုင်း အမရပူရမြို့နယ် လေးစုရပ်ကွက် ပရံရပ်ကွက် လူနေအိမ်များအတွင်း
အူဒီတူးတာဝါတိုင် တည်ဆောက်ရန် ပြုလုပ်နေပါသဖြင့် ဒေသခံများ
က သက်ဆိုင်ရာ မြို့နယ် အထွေးထွေးအုပ်ချုပ်ရေးမှုးထံ တိုင်ကြားစာ
ဖြင့်တားမြှစ်ခဲ့သော်လည်း ဆက်လက်တည်ဆောက်နေသဖြင့်
ရပ်ကွက်နေပြည်သူများ သွားရောက်တားမြှစ်ခဲရာ တည်ဆောက်နေ
သောတာဝန်ရှိသူများက တည်ဆောက်ခြင်ူကိုခေတ္တ ရပ်ထားပေးခဲ့
သော်လည်း ဆက်လက်လုပ်ဆောင်ပါက ဆန္ဒဖော်ထုတ်၍ကန့်ကွက်
သွားမည်ဟုဒေသခံများကပြောသည်။

"ကျွန်တော် ရပ်ကွက်အတွင်း အိမ်တည်ဆောက်ရန်ဆိုပြီးလူကြီးတွေ
ကို လက်မှတ်ထိုးခိုင်ပြီး တည်ဆောက်မိန့် ဘေးဝတ်ဝန်ထောက်ခံ
ချက်ရပြီဆိုကာ လိမ်လည်ကာ အူဒီတူးတာဝါတိုင် တည်ဆောက်လို
ကျွန်တော်တို့ဒေသခံတွေ အားလုံးလက်မခံတာဖြစ်သည်ဟုဒေသခံ
တစ်ဦးကပြောသည်။
အဆိုပါ တာဝါတိုင်တည်ဆောက်လျှက်ရှိသောနေရာသို့သွားရောက်
မေးမြန်ခဲ့ရာ ကျွန်တော်တို့အနေဖြင့် တည်ဆောက်မိန့်ကြပြီ လာရော
က်လိုရတယ်ဆိုလို့  အကောင်အထည်ဖော်တည်ဆောက်နေတာပါ
ရပ်ကွက်နေ ပြည်သူတွေ လက်မခံဘူးဆို ရပ်ထားပေးပါမယ်
အိမ်ရှင်က ရပ်ကွက်ရဲ့ ခွင့်ပြုမိန့် ရပြီးသားဆိုသော လာရောက်တည်
ဆောင်တာပါ အူဒီတူး တာဝါတိုင်အတွက်ဖြစ်ပါတယ် အများလက်မ
ခံရင် ကျွန်တော်တို့ ရပ်ထားပေးပါပါမယ်ဟု တည်ဆောက်ရေးတာဝန်
ခံ တာဝန်ရှိသူက ဖြေကြားခဲသည်။

အဆောက်အဦးအသစ်တည်ဆောက်မယ်လိုဘေးပတ်ဝန်ကျင်ကို
လက်မှတ်ရေးထိုးခိုင်ခြင်း ကြောင့် တာဝါတိုင် တည်ဆောင်ရန်
စတင်နေချိန်တွင် ရပ်ကွက်နေ ပြည်သူများသိရှိ၍ သက်ဆိုင်ရာ
ရပ်ကွက် မြို့နယ် တိုင်းအဆင့်ထိ တိုင်ကြားတားမြှစ်စာများ ပို့ခဲ့သော်
လည်း လာရောက်တားဆီးပေးခြင်းမရှိလို ရပ်ကွက်အတွင်းဘေးနေ
အိမ်များက လူအင်အား ၅၀ခန့်ဖြင့် တာဝါတိုင်တည်ဆောက်နေသည့်
နေအိမ်ရှေ့ စုဝေ ဆူပူမှု့ ကို စက်တင်ဘာလ ၂၃ ရက်နေ့ ၃ နာရီအချိန်
မှ ၄း၃၀ အထိ ဖြစ်ပွားခဲ့ပြီး နယ်မြေခံသတင်းထောက်ရောက်လာကာ သက်ဆိုင်ရာသို့ အကြောင်းကြားပေးခဲ့သည်ကိုတွေ့ရကာ ရပ်ကွက် ရာအိမ်မှူး အုပ်ချုပ်
ရေးမှူးများလာရောက်ဖြေရှင်းပေးခြင်းမရှိကြောင်း ဒေသခံတွေက
ပြောသည်။
စိုင်းထူးခန့် 

posted from Bloggeroid