Sunday, April 6, 2014

သမီးကလေးရွာသားစိတ်ချမ်းသာပါပြီ

DKBA နောက် လိုက်ပါသွားသည့် သမီးကလေးကျေးရွာသားများ မြ၀တီမြို့မှတစ်ဆင့် ကျောက်ခတ်ကျေးရွာသို့ ဆက်လက်ထွက်ခွာ
by aungkyawmoe
Eleven Daily NewsYesterday, 03:04
Written by: 
ကိုရွှေသိန်း(မြ၀တီ)

ီDKBA အဖွဲ့နောက်သို့ လိုက်ပါသွားကြသော သမီးကလေးကျေးရွာသားများ လိုက်ပါလာသည့်ယာဉ်တန်း မြ၀တီခရိုင်တွင်းသို့ရောက်ရှိစဉ်
DKBA မှ သွားရောက်ခေါ်ဆောင်ခဲ့သော ဖယ်ရှားခံ သမီးကလေးကျေးရွာသားများသည်  မွန်ပြည်နယ်အတွင်း ဘုရားလှည့်လည် ဖူးမြော်ဆုတောင်ပြီး  ဧပြီ ၄ ရက် ညနေ ၆ နာရီ ၃၀ မိနစ်ခန့်က မြ၀တီမြို့သို့ ရောက်ရှိလာခဲ့ကာ  ဧပြီ ၅ ရက် နံနက်တွင် မြ၀တီမြို့မှ ကျောက်ခတ်ကျေးရွာသို့ ထွက်ခွာသွားကြသည်။    

မော်တော်ယာဉ် ၁၃ စီးဖြင့် ရောက်ရှိလာသော သမီးလေးရွာသားများအပါအ၀င် ရွာခြောက်ရွာမှ အိမ်ထောင်စု ၈၂ စု၊ မိသားစု ၀င် ၂၀၂ ဦးတို့အပြင် ဆရာတော်သုံးပါးလည်း ပါဝင်ကြောင်း ယင်းရွာသားများအား မြ၀တီမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းတို့က လိုအပ်ချက်များ ကူညီခဲ့ကြကြောင်း သိရသည်။

ကောင်းမှုရွာ ဗိုလ်ကျော်သက်စခန်းမှ  မြန်မာစံတော်ချိန် ညနေ ၄ နာရီ ၁၅ မိနစ်တွင်  မြ၀တီသို့  ဆက်လက်ထွက်ခွာလာခဲ့ကြပြီး မြ၀တီမြို့မှတစ်ဆင့် မြ၀တီမြို့နှင့် ၁၅ မိုင်ခန့် ကွာဝေးသော ကျောက်ခတ်ကျေးရွာသို့ ဦးတည်ထွက်ခွာသွားကြကြောင်း သိရသည်။

မြ၀တီ-ကော့ကရိတ် ဒေါနတောင်ကျော် ကုန်သွယ်လမ်းယာဉ်တန်း အဆင်းရက်ဖြစ်သည့်တွက် ဖောက်လုပ်နေဆဲ အာရှကားလမ်းအသစ်မှ လာခဲ့ခြင်းဖြစ်ကြောင်း အဆိုပါယာဉ်တန်းအား လမ်းလုံခြုံရေးအဖြစ် DKBA တပ်ဖွဲ့တွေနှင့်  KNU/KNLA တပ်ဖွဲ့များက ကူညီစောင့်ရှောက် တာဝန်ယူခေါ်ဆောင်လာခြင်း ဖြစ်သည်။

“ပြည်နယ်အစိုးရနဲ့ ညှိနိုင်းပြီး ဘုရားဖူးခရီးစဉ်ကို အလှူငွေ ငါးသိန်းပေးပြီး ခွင့်ပြု ခဲ့ပါတယ်။ ကျိုက်မရော၊ ကျိုက်ခမီစက်စဲ ခရီးစဉ်မှတစ်ဆင့် ဗိုလ်မှူးကြီးတို့ အစီအစဉ်အတိုင်း လာခဲ့ကြတာပါ” ဟု သမီးလေးကျေးရွာမှ ဒုက္ခသည် ရွာသူရွာသားများအား ပို့ဆောင်ပေးသည့် အောင်သိဒ္ဒိကျောင်းတိုက် ဆရာတော် ဦးအဂ္ဂဓမ္မက မိန့်ကြားခဲ့သည်။

ကရင်ပြည်နယ် ဝေါလေမြိုင်ဒေသတွင် တည်ရှိသော ပေပေါင်း ခုနှစ်ထောင်နီးပါးမြင့်သည့် မုလအိတောင်စေတီတော်မြတ်အား ဖူးမြော်ကြည်ညိုရန် ဘုရားဖူးခရီးစဉ်အဖြစ် ခေါ်ဆောင်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

“ ဒုံသမိန့်တံတားအနီးမှာ တားထားရာ က ဘုရားဖူသွားမယ်ဆိုပြီး ထွက်လာခဲ့တာပါ။ သူတို့မှာ ပြန်စရာနေရာမှ မရှိတာ။ ဘယ်ကိုပြန်ကြမလဲ။ သက်ဆိုင်ရာက မစီစဉ်ပေးချင်လို့ ရွာကိုဖျက်တာပါ။ ဂျပန်ခေတ်မှာတောင် ဒီလိုရက်စက်မှု ရှိခဲ့မှာမဟုတ်ပါဘူး”ဟု လိုက်ပါပို့ဆောင်သူ ဒေါ်နော်အုန်းလှက ပြောကြားသည်။

“ ကျွန်တော်တို့ကတော့ ဗိုလ်မှူးကြီးတို့ ဘယ်ထားထားနေဖို့ ဆုံးဖြတ်ထားပါတယ်။ပြန်စရာနေရာမရှိတဲ့အတွက် ပြန်လှည့်ဖို့ မရှိပါဘူး။ ကလေးတွေ၊ လူမမာတွေ၊ ဒဏ်ရာရတဲ့သူတောင် ပါ ပါတယ်” သမီးကလေးကျေးရွာသားတစ်ဦးက ဆိုသည်

posted from Bloggeroid

No comments:

Post a Comment